Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၂)

ဤဆောင်းပါးသည် အပိုင်း (၂) ပိုင်းပါဝင်သော ဆောင်းပါးတွဲဖြစ်ပါသည်။ ပထမပိုင်း အား မဖတ်ရှုရသေးပါက ဦးစာဖတ်ရှုပါရန် အသိပေးတိုက်တွန်းလိုပါသည်။ ကြီးမြတ်သောအခွင့်ထူးသည် ကြီးမြတ်သောတာဝန်ကို တောင်းဆိုသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးထားသည့်အခွင့်ထူးများကို သင့်လျော်စွာအသုံးပြုခြင်းအတွက် ကျွန်ုပ်တို့အားလုံးကို တာဝန်ရှိစေမည်ဖြစ်သည်။ အုပ်ထိန်းရသော(ဘဏ္ဍာစိုး)အမှုဆိုတာဘယ်တုန်းကမှ မလွယ်ကူခဲ့ပါ (ကျွန်ုပ်တို့ဟာဘုရားရဲ့သားသမီးများဖြစ်ရခြင်းရဲ့ အကျိုးသက်ရောက်မှုကိုစာတန်က ဖျက်ဆီးချင်နေတာပါ)။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်တို့ထံမှ သစ္စာစောင့်သိခြင်းကိုလိုလားပါသည်။ “သစ္စာနှင့်ပညာ”ပြည့်ဝသောဘဏ္ဍာစိုးများအဖြစ် ဘုရားသခင်၏အမှုတော်မှာလုပ်ဆောင်သောသူများကဲ့သို့ သခင်သည်မြင်မည်အကြောင်း… Read More »အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၂)

အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၁)

သင်ဟာ အသက်အရွယ်ကြီးလာတာနှင့်အမျှ သင့်ရဲ့အခွင့်ထူးခံစားရမှုတွေဟာလည်း တိုးများလာပါတယ်။ ဥပမာပြောရရင် သင်ကလေးဘဝအရွယ်တုန်းကဆိုလျှင် အချိန်တော်တော်များများဟာ အိမ်ထဲမှာပဲ ကုန်ဆုံးခဲ့ရသည် မဟုတ်လား။ အရွယ်ရောက်လာတဲ့အခါကျတော့ ကြီးမားတဲ့လွတ်လပ်မှုမျိုးနဲ့နေရာစုံကို သင်သွားလာနိုင်လာပြီလေ။ ဒီလိုခံစားရတဲ့အခွင့်ထူးသစ်တွေအတွက် ကိုယ့်ကိုကိုယ်ကျေနပ်နေမှာ အသေချာပါပဲ။ ကုန်လွန််ခဲ့တဲ့နေ့ရက်တွေကို ပြန်လည်လှည့်ကြည့်ရင်း “ဪ ငါဒီလမ်းလေးပေါ်မှာ စက်ဘီးစီးတတ်ခဲ့တာပဲ” ဆိုပြီးပျော်ရွှင်ခဲ့ဖူးတာတွေ ရေရွတ်နေပါလိမ့်မယ်။ ဒီလိုတွေးနေရင်းနဲ့တပြိုင်နက်တည်းမှာ သင်ဘာကိုသဘောပေါက်လာနိုင်သလဲ ဆိုရင် “အခွင့်ထူးခံရခြင်းတိုးလာခြင်းနှင့်အတူ တာဝန်ဝတ္တရားယူရခြင်းလည်းတိုးလာတယ်” ဆိုတာကိုပေါ့။ ဥပမာဆိုရရင်… Read More »အာဒံနှင့်ဧဝ – အခွင့်ထူးနှင့်တာဝန်ဝတ္တရား (အပိုင်း-၁)

ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

“ထိုနည်းတူ၊ လျှာသည်ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်​၏။ အဘယ်မျှ လောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။”ရှင်ယာကုပ်ဩဝါဒစာ ၃:၅ “Likewise, the tongue is a small part of the body, but it makes great boasts. Consider what a great forest is… Read More »ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

INTENTIONALLY

ရှင်ပေါလုသည် အာသင်မြို့၌ရှိစဥ်အခါ “ယေရှု၏တရားနှင့် ထမြောက်ခြင်းတည်းဟူသော ဧဝံဂေလိတရာကို ဟောသတည်း” ဟုကျမ်းစာတွင် တွေ့ရပေသည်။ သို့နှင့် ဆက်ဖတ်ကြည့်လျှင် ရှင်ပေါလုအား အာရေတောင်သို့ခေါ်သွားကာ သူတို့မသိသော ထိုအကြောင်းအရာအား သိချင်ပါသည်ဟု ဆိုကြသည်ကိုတွေ့ရသည်။ အာသင်မြို့သည် အတွေးအခေါ်ပညာရှင်များရှိရာမြို့၊ ရုပ်တုဆင်းတုပေါများရာမြို့လည်း ဖြစ်သည့်နည်းတူ နတ်ဘုရားများအား ကိုးကွယ်ဆည်းကပ်ကြရာမြို့လည်းဖြစ်သည်ကို ရှင်ပေါလုသိနားလည်သည်။ ထိုတည်းတူ ကျမ်းစာဖတ်သူ ကျွန်ုပ်တို့လည်း သိထားခဲ့ပြီးဖြစ်သည်။ အာသင်တို့၏ ပုံစံအခင်းအကျင်းနှင့် နတ်ဘုရားတို့အား… Read More »INTENTIONALLY

တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်

ယုံကြည်သူ မိတ်ဆွေတို့ဘဝမှာ “တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်” ဆိုတဲ့ စကားစုလေး ဟာ အမြဲလိုလို တရားဒေသနာတွေမှာ ဖြစ်စေ တိုက်တွန်းခွန်အားပေးတဲ့ နေရာမှာ ဖြစ်စေ ကိုယ်ကိုတိုင် ဖြစ်စေ ရင်းနှီးကျွမ်းဝင်စွာ ခွန်အားယူ ကြားဖူးကြမှာဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် Sunday School ကလေးဘဝမှာတည်းက ဘုရားသားသမီးမှန်ရင် တောင်းချင် သမျှကို ဘုရားသခင်ဆီတောင်းလျှောက်ပါ ဘုရားကပေးမယ်ဆိုတာကို ကြားဖူးခဲ့ပါတယ်။ ဒါကြောင့်စာရေးသူငယ်စဉ်က ကိုယ်တိုင်လိုချင်တာမှန်သမျှ ဘုရားဆီတောင်းလျှောက်ခဲ့ပါတယ်။… Read More »တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်

ဘုရားသခင် တာဝန်ယူသလော

ခုနောက်ပိုင်းခရစ်ယာန်အချို့ရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့စကားတခုရှိပါတယ်။ “ဘုရားတာဝန်ယူတယ်/လိမ့်မယ်” ဆိုတဲ့စကားပါပဲ။ ရုတ်တရက်ကြည့်ရင်တော့ ဟုတ်မလိုလိုပါပဲ။ ဒါပေမယ့်တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ့်ရဲ့တာဝန်ဝတ္တရားမဲ့မှုကြီးကလည်း တဖက်မှာထင်ရှားမြင်သာနေတာကို သတိပြုမိသူက မရှိသလောက်ပါပဲ။ နှုတ်ကပတ်တော်တလျှောက်ကြည့်လိုက်ရင် ဘုရားကသူ့အလုပ်ကိုသူလုပ်ဆောင်နေတာကိုတွေ့ရမှာဖြစ်သလို၊ ဘုရားသခင်ရဲ့လူတွေ၊ ပရောဖက်တွေ စသည့်အသီးသီးသောလူတွေဟာဆိုရင်လည်း ဘုရားသခင်ခွဲခန့်သောတာဝန်ကို လုပ်ဆောင်ခဲ့ရသူတွေပါပဲ။ ဘုရားသခင်တာဝန်ယူပါလိမ့်မယ် ဆိုတဲ့စကားထက် ဘုရားသခင်ပြုမည့်အမှုကိုသာရှေ့တန်းတင်ပြီး၊ ကိုယ်လုပ်ဆောင်စရာရှိတာကိုလုပ်ဆောင်ခဲ့ကြသူတွေသာ။ နောက်ပြီး ဘုရားတာဝန်ယူတယ် တဲ့စကားကိုစဉ်းစားကြည့်ရင် ကျွန်ုပ်တို့အပေါ်မှာ ဘုရားသခင်ကကျေးဇူးကြွေးပဲရှိနေသလိုမျိုးပုံစံပင်။ ခရစ်ယာန်တွေကိုကြည့်ရင် များသောအားဖြင့် ဘုရားထံကနေ… Read More »ဘုရားသခင် တာဝန်ယူသလော

လူပိန်းတွေပဲ ဘုရားသခင်ကိုယုံကြည်ကြတာလား

ယနေ့ခေတ်တွင် ဘာသာမဲ့(ဘုရားမဲ့ဝါဒီ) အများစုက မိမိတို့သည် ဘာသာစွဲထဲက လွတ်မြောက်သွားကြ​ပြီဟု ဂုဏ်ယူစွာကြွေးကြော်လေ့ရှိကြပြီး ဘာသာတရားထဲမှာ ရှိကြတဲ့သူများကိုလည်း ဦးနှောက်ဆေး (brainwashed) ခံထားရတဲ့လူပိန်းတွေဆိုပြီးသမုတ်လေ့ရှိကြသည်။ ထိုသို့ဆိုလျှင် ကနဦးရူပဗေဒ (Classical Physics) ကို ရှာဖွေတွေ့ရှိခဲ့သူများဖြစ်တဲ့ James Clerk Maxwell, Lord Kelvin, Michael Faraday, Mendel, Pasteur အစရှိသောပုဂ္ဂိုလ်များကိုယ်တိုင်က ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကိုယုံကြည်ခဲ့ကြ​သောကြောင့်… Read More »လူပိန်းတွေပဲ ဘုရားသခင်ကိုယုံကြည်ကြတာလား

ဘုရားအလိုတော်ရှိရင်

ခရစ်ယာန်အတော်များများပြောတတ်ကြတဲ့ စကားတခုရှိပါတယ်။ အဲ့ဒီစကားကတော့ အခြားမဟုတ်ပါဘူး။ “ဘုရားအလိုတော်ရှိရင်” ဆိုတဲ့စကားပါပဲ။ ဒါပေမယ့် မေးချင်တာက အဲ့ဒီစကားကိုပြောလိုက်တိုင်း “အလိုတော်”ကိုတကယ်ပဲသိချင်တာဟုတ်ပါရဲ့လား။ “အလိုတော်”ကို အမှန်တကယ်ဆောင်ချင်တာ ဟုတ်ပါရဲ့လား။ စာရေးသူကိုယ်တိုင်က အဲ့ဒီစကားကိုအလွန်အသုံးနည်းပါတယ်။ နောက်ပြီးဘဝမှာ ကိုယ်လုပ်ချင်တာတွေကို ဘုရားအလိုတော်လားမမေးခဲ့ဘဲ အဆင်ပြေခဲ့တာတွေမှအများကြီးပဲလေ။ အဆင်မပြေတဲ့အခါကျမှ “ဘုရားရဲ့အလိုတော်ပဲလေ” “ဝန်ခံရမှာပေါ့” လို့ဆိုလိုက်ခြင်းက ကိုယ်ဘက်ကမှန်ကန်နေပြီး ဘုရားဘက်က မီးစိမ်မပြသေးဟန် အနေအထားမျိုးဖြစ်နေပါတယ်။ စာရေးသူဘဝမှာ အလိုတော်ကိုမှန်ကန်စွာ ဝန်ခံတတ်ဖို့… Read More »ဘုရားအလိုတော်ရှိရင်

ပဋိပက္ခ – ၁၇

ကိုယ်လက် မစောင့်စည်းတတ်သည့် လက်မြန် ခြေမြန်ခြင်းသည် မကောင်းသော်လည်း ဒဏ်ရာ အနာတရတို့သာ ဖြစ်နိုင်ကာ နှုတ်ကြောင့်တော့ ဆုံးရှုံးပျက်စီးရခြင်း၊ သေကြေရခြင်း …ထို့အတူ ဖားသည် မိမိ၏ အော်သံကြောင့် ဖမ်းဆီး ရိုက်သတ် ချက်စားခြင်းတို့ကို ခံရသကဲ့သို့ လူသည်လည်း မိမိ၏ နှုတ်ကို မစောင့်စည်းသဖြင့် ပျက်စီးဆုံးရှုံးရခြင်းဆိုသည့် အဓိပ္ပါယ်မျိုးကိုရသော “နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ” “အသံကြောင့်… Read More »ပဋိပက္ခ – ၁၇