Skip to content

ဆင်ခြင်တုံတရားဆိုင်ရာ

ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

ဘုရားမဲ့ဝါဒီသမား (Atheist) တွေက “ဘုရားဆိုတာ တကယ်ရှိပြီး အရာအားလုံးကို ဖန်ဆင်းတယ်ဆိုရင် ဘုရားကို​ရော ဘယ်သူက ဖန်ဆင်းတာလဲ” ဆိုပြီး မေးလေ့ရှိကြပါတယ်။ ထိုကဲ့သို့ မေးလိုက်ကတည်းက သူတို့ပြောနေတဲ့ ဘုရားက အချိန် ၊ အကန့်အသက်ထဲမှာရှိနေတဲ့ ဖန်ဆင်းခံဘုရားအကြောင်းကိုသာရည်ညွန်းပြီး ​ပြောနေကြခြင်းဖြစ်ပါသည်။ ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်ကြသူ (Theist) တို့သည် ဘုရားသခင်၏သဘောသဘာဝ (nature of God) နှင့်ပတ်သက်၍… Read More »ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

SELF EVALUATION – 2

ကျွန်ုပ်တို့၏ နေ့စဥ်အသက်တာတွင် ပြင်ဆင်ရမည့် အရာများစွာရှိနေတတ်ကြသော်လည်း ဆက်လက်၍ လုပ်ဆောင်နေတတ်ကြသည်မှာ အနည်းနှင့်အများရှိကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပြင်ဆင်ရကောင်းမှန်း ဆင်ခြင်ရကောင်းမှန်းကို မသိသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ သို့တည်းမဟုတ် အကျင့်ပါကာ အဆင်ပြေသည်၊ ပြဿနာမဟုတ်ဟုထင်မှတ်၍ ကျင့်သားရသွားသောကြောင့်ပင် … အချို့သောအရာများသည် အသေးအမွှားကိစ္စများဟုပင် ထင်စရာရှိသော်လည်း ပြင်ဆင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည် မဟုတ်ပါလား။ ဤသို့ ပြင်ဆင်ဖို့ရာသည် မိမိကိုယ်ကိုယ် မိမိ ပြန်လည်ကာ မသုံးသပ်လျှင်တော့… Read More »SELF EVALUATION – 2

ပဋိပက္ခ – ၂၁

လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည့်အတိုင်းပင် ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း တစ်ဦးနှင့်တစ်ဦး သဘောထား မတိုက်ဆိုင်သဖြင့် ပဋိပက္ခများလည်း ဖြစ်တည်တတ်ပေသည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်ုပ်တို့၏ မိသားစု၊ အိမ်ထောင်ရေး၊ လုပ်ငန်းခွင်၊ အသင်းတော်တွင်ဖြစ်စေ ပဋိပက္ခများဖြစ်ပေါ်လာတတ်သော်လည်း ထိုအရာများ၌ စိတ်ပျက်ကာ လဲပြိုကျရန် မဟုတ်ပေ။ အချို့သောပဋိပက္ခများသည် ကြုံတွေ့ရင်ဆိုင်ကာ ဖြတ်သန်းလာပြီးနောက်တွင် ယခင်ထက် သာ၍ကောင်းမွန်သော အခြေအနေတစ်ခုအား ဖြစ်တည်လာစေရန် ဖြစ်ပေါ်လာတတ်သည့် ပဋိပက္ခများလည်းဖြစ်ပေသည်။ ဤသို့ဆို၍… Read More »ပဋိပက္ခ – ၂၁

SELF EVALUATION – 1

မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း သို့တည်းမဟုတ် ပြန်လည်ဆင်ခြင်ခြင်းဖြစ်သော “Self Evaluation” သည် ခရစ်ယာန်အသက်တာတွင် မရှိမဖြစ်လိုအပ်သော အရာတစ်ခုလည်းဖြစ်သည်။ တခါတရံတွင် ကျွန်ုပ်တို့သည် မိမိ၏ အမှားထက် သူတပါး၏ အမှားကိုသာ မြင်မိခြင်း၊ မိမိ၏ စကားပြောပုံအဆင်မပြေခြင်းထက် သူတပါးကိုသာ မြင်မိခြင်း၊ မိမိ၏ လုပ်ရပ်ထက် သူတပါး၏ လုပ်ရပ်ကိုသာ မြင်မိခြင်း စသဖြင့် သူတပါး၏အလွန်ဟုသာ… Read More »SELF EVALUATION – 1

ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

“ထိုနည်းတူ၊ လျှာသည်ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်​၏။ အဘယ်မျှ လောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကိုကြည့်ပါလော့။”ရှင်ယာကုပ်ဩဝါဒစာ ၃:၅ “Likewise, the tongue is a small part of the body, but it makes great boasts. Consider what a great forest is… Read More »ကြွားဝါခြင်းနှင့်ယုံကြည်သူတို့၏အသက်တာ

တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်

ယုံကြည်သူ မိတ်ဆွေတို့ဘဝမှာ “တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်” ဆိုတဲ့ စကားစုလေး ဟာ အမြဲလိုလို တရားဒေသနာတွေမှာ ဖြစ်စေ တိုက်တွန်းခွန်အားပေးတဲ့ နေရာမှာ ဖြစ်စေ ကိုယ်ကိုတိုင် ဖြစ်စေ ရင်းနှီးကျွမ်းဝင်စွာ ခွန်အားယူ ကြားဖူးကြမှာဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် Sunday School ကလေးဘဝမှာတည်းက ဘုရားသားသမီးမှန်ရင် တောင်းချင် သမျှကို ဘုရားသခင်ဆီတောင်းလျှောက်ပါ ဘုရားကပေးမယ်ဆိုတာကို ကြားဖူးခဲ့ပါတယ်။ ဒါကြောင့်စာရေးသူငယ်စဉ်က ကိုယ်တိုင်လိုချင်တာမှန်သမျှ ဘုရားဆီတောင်းလျှောက်ခဲ့ပါတယ်။… Read More »တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်

ဘုရားအလိုတော်ရှိရင်

ခရစ်ယာန်အတော်များများပြောတတ်ကြတဲ့ စကားတခုရှိပါတယ်။ အဲ့ဒီစကားကတော့ အခြားမဟုတ်ပါဘူး။ “ဘုရားအလိုတော်ရှိရင်” ဆိုတဲ့စကားပါပဲ။ ဒါပေမယ့် မေးချင်တာက အဲ့ဒီစကားကိုပြောလိုက်တိုင်း “အလိုတော်”ကိုတကယ်ပဲသိချင်တာဟုတ်ပါရဲ့လား။ “အလိုတော်”ကို အမှန်တကယ်ဆောင်ချင်တာ ဟုတ်ပါရဲ့လား။ စာရေးသူကိုယ်တိုင်က အဲ့ဒီစကားကိုအလွန်အသုံးနည်းပါတယ်။ နောက်ပြီးဘဝမှာ ကိုယ်လုပ်ချင်တာတွေကို ဘုရားအလိုတော်လားမမေးခဲ့ဘဲ အဆင်ပြေခဲ့တာတွေမှအများကြီးပဲလေ။ အဆင်မပြေတဲ့အခါကျမှ “ဘုရားရဲ့အလိုတော်ပဲလေ” “ဝန်ခံရမှာပေါ့” လို့ဆိုလိုက်ခြင်းက ကိုယ်ဘက်ကမှန်ကန်နေပြီး ဘုရားဘက်က မီးစိမ်မပြသေးဟန် အနေအထားမျိုးဖြစ်နေပါတယ်။ စာရေးသူဘဝမှာ အလိုတော်ကိုမှန်ကန်စွာ ဝန်ခံတတ်ဖို့… Read More »ဘုရားအလိုတော်ရှိရင်

ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

ဆိုရှယ်မီဒီယာတွေပေါ်က အခြားတယောက်ယောက်ရဲ့  ဘဝကိုကြည့်မိတဲ့အခါ ဘယ်လိုကြောင့်များသူတို့က သူတို့ လုပ်တဲ့ဟာတွေအားလုံးကို လုပ်နိုင်တာလဲဆိုပြီး အံ့အားသင့်နေတဲ့ သင့်ကိုယ်သင် တွေ့ဖူးပါသလား? ကျွန်တော်တို့ အင်စတာဂရမ်ပေါ်မှာ သူတို့မာစတာဘွဲ့ ပြီးသွားကြောင်းပြောနေသူတွေ၊  ကလေးတွေ အဆက်မပြတ်မွေးနေရင်းနဲ့  တောင်အခြားစိတ်ဝင်စားတပ်မက်ဖွယ်အရာတွေကို လုပ်နေတဲ့သူတွေ၊ အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးစလုပ် နေတဲ့သူတွေ၊ ကားဝယ်တဲ့သူတွေ၊  ပိတ်ရက်အပန်းဖြေသွားနေတဲ့သူတွေ တွေ့မြင်ရပါတယ်။ တကယ်မှန် မမှန်ခနထား၊ အနည်းဆုံးတော့ ဒီလို မျိုးမြင်နေရတယ်ပေါ့။ ကျွန်တော်တို့က… Read More »ခရစ်ယာန်များ ပုဂ္ဂလိက အောင်မြင်မှုအား လိုက်လံဖမ်းဆုပ်သင့်ပါသလား?

ပဋိပက္ခ – ၁၄

ပြဿနာတစ်ခုခုဆိုလျှင် သူတပါးအား လက်ညှိုးထိုးချင်သည့် စိတ်သည် လူ့သဘာဝတစ်ခုပင် … တစ်ခုခုဖြစ်သည်နှင့် “ဘာဖြစ်သွားလဲ” အစား “ဘယ်သူလုပ်တာလဲ” ဆိုသည်က အရင်၊ “ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုသည်ထက် “ဘယ်သူလုပ်သလဲ” သည်သာ … ဒါသည်လည်း ကမ္ဘာဦး အစထဲကပင် ရှိခဲ့သည်ကိုး … အာဒံသည်လည်း မိမိအမှားကို ဆင်ခြင်၍ ဝန်ခံရမည့်အစား ကိုယ်တော်ပေးသည့် မိန်းမကြောင့် ဟုသာ “လက်ညှိုးထိုး”… Read More »ပဋိပက္ခ – ၁၄