Skip to content

ဘုရားသခင် တာဝန်ယူသလော

ခုနောက်ပိုင်းခရစ်ယာန်အချို့ရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့စကားတခုရှိပါတယ်။ “ဘုရားတာဝန်ယူတယ်/လိမ့်မယ်” ဆိုတဲ့စကားပါပဲ။ ရုတ်တရက်ကြည့်ရင်တော့ ဟုတ်မလိုလိုပါပဲ။ ဒါပေမယ့်တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ့်ရဲ့တာဝန်ဝတ္တရားမဲ့မှုကြီးကလည်း တဖက်မှာထင်ရှားမြင်သာနေတာကို သတိပြုမိသူက မရှိသလောက်ပါပဲ။ နှုတ်ကပတ်တော်တလျှောက်ကြည့်လိုက်ရင် ဘုရားကသူ့အလုပ်ကိုသူလုပ်ဆောင်နေတာကိုတွေ့ရမှာဖြစ်သလို၊ ဘုရားသခင်ရဲ့လူတွေ၊ ပရောဖက်တွေ စသည့်အသီးသီးသောလူတွေဟာဆိုရင်လည်း ဘုရားသခင်ခွဲခန့်သောတာဝန်ကို လုပ်ဆောင်ခဲ့ရသူတွေပါပဲ။ ဘုရားသခင်တာဝန်ယူပါလိမ့်မယ် ဆိုတဲ့စကားထက် ဘုရားသခင်ပြုမည့်အမှုကိုသာရှေ့တန်းတင်ပြီး၊ ကိုယ်လုပ်ဆောင်စရာရှိတာကိုလုပ်ဆောင်ခဲ့ကြသူတွေသာ။ နောက်ပြီး ဘုရားတာဝန်ယူတယ် တဲ့စကားကိုစဉ်းစားကြည့်ရင် ကျွန်ုပ်တို့အပေါ်မှာ ဘုရားသခင်ကကျေးဇူးကြွေးပဲရှိနေသလိုမျိုးပုံစံပင်။ ခရစ်ယာန်တွေကိုကြည့်ရင် များသောအားဖြင့် ဘုရားထံကနေ… Read More »ဘုရားသခင် တာဝန်ယူသလော

ချိုမိုင်မိုင် မဟုတ်ဘဲ

“အပြောကတော့ ရွှေမန်း၊ ကတော့ ချိုမိုင်မိုင်” ဟူသည့် မြန်မာစကားပုံကို အားလုံးသိကြပေလိမ့်မည်။ ထိုစကားပုံလာ အဓိပ္ပါယ်မှာ ဘဘရွှေမန်းတင်မောင်သည် မြန်မာ့ဇာတ်သဘင်လောကတွင် အကနှင့် အပြော အင်မတန်ကောင်းလွန်းသူတစ်ဦးဖြစ်သည်နည်းတူ သူသည် တချိန်က မြန်မာ့ဇာတ်သဘင်လောကကြီးအား ထူးသည်ထက် ဆန်းလာအောင် လုပ်နိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ အပြော၊ အဟော ကောင်းသဖြင့် ယခုခေတ်အခါ အပြောကောင်းသူများကိုတွေ့လျှင် “အပြောကတော့ ရွှေမန်း” ဟုပင် တင်စားကြခြင်းပင်… Read More »ချိုမိုင်မိုင် မဟုတ်ဘဲ

ယာဗက်၏ဆုတောင်း

“ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည် ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကိုမြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။ ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းချီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့်အယှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အားဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။”‭‭ရာဇဝင်ချုပ်ပဌမစောင် ၄း၉-၁၀ ယာဗက်အကြောင်းကို အထက်ပါ ကျမ်းနှစ်ပိုဒ်မှာဖော်ပြထားသလောက်သာ ကျွန်ုပ်တို့မြင်တွေ့ရပါတယ်။… Read More »ယာဗက်၏ဆုတောင်း

လူပိန်းတွေပဲ ဘုရားသခင်ကိုယုံကြည်ကြတာလား

ယနေ့ခေတ်တွင် ဘာသာမဲ့(ဘုရားမဲ့ဝါဒီ) အများစုက မိမိတို့သည် ဘာသာစွဲထဲက လွတ်မြောက်သွားကြ​ပြီဟု ဂုဏ်ယူစွာကြွေးကြော်လေ့ရှိကြပြီး ဘာသာတရားထဲမှာ ရှိကြတဲ့သူများကိုလည်း ဦးနှောက်ဆေး (brainwashed) ခံထားရတဲ့လူပိန်းတွေဆိုပြီးသမုတ်လေ့ရှိကြသည်။ ထိုသို့ဆိုလျှင် ကနဦးရူပဗေဒ (Classical Physics) ကို ရှာဖွေတွေ့ရှိခဲ့သူများဖြစ်တဲ့ James Clerk Maxwell, Lord Kelvin, Michael Faraday, Mendel, Pasteur အစရှိသောပုဂ္ဂိုလ်များကိုယ်တိုင်က ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကိုယုံကြည်ခဲ့ကြ​သောကြောင့်… Read More »လူပိန်းတွေပဲ ဘုရားသခင်ကိုယုံကြည်ကြတာလား

အပြစ်နှင့် ဝန်ချတောင်းပန်ခြင်း

မိတ်ဆွေတို့ရေ … မိတ်ဆွေ တို့ကို တခုလောက်မေးချင်ပါတယ်။ မိတ်ဆွေတို့ထဲမှာ အပြစ်မလုပ်ဖူးတဲ့သူရှိပါသလား။ လုပ်ခဲ့ဖူးသူဆိုရင်ရော အပြစ်များကို ဝန်ချတောင်းပန်ရမယ့်အစား ဖုံးကွယ်ခဲ့ဖူးသလား။ တကယ်လို့ အပြစ်လည်း မလုပ်ခဲ့ဖူးသူ မဖုံးကွယ်ခဲ့ဖူးသူဆိုရင်တော့ သင်ဟာတော်တော်လေးကို ထူးခြားတဲ့သူ ဖြစ်သွားပါပြီ။ တကယ်လို့ လုပ်လည်း လုပ်ဖူးတယ် ဖုံးလည်း ဖုံးကွယ်ခဲ့ဖူးတယ် ဆိုရင်တော့ ဝန်ချတောင်းပန်ဖို့ရန် လိုအပ်ကြောင်း သတိပေးပါရစေ။ “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။… Read More »အပြစ်နှင့် ဝန်ချတောင်းပန်ခြင်း

OUR DUTIES

ရှင်ပေါလုသည် တိမောသေအား နှုတ်ကပတ်တရားတော်အတွက် အချိန်ရှိသည်ဖြစ်စေ အချိန်မရှိသည်ဖြစ်စေ “all the time” ကြိုးစားအားထုတ်ရန်၊ အပြစ်ဖော်ပြခြင်း၊ ဆုံးမဩဝါဒပေးခြင်း၊ “teaching the doctrine” သင်ကြားခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ နှိုးဆော်ခြင်းများကိုလည်း ရှည်သောစိတ်နှင့် လုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်း၏ အဓိကအချက်မှာ လာမည့်အချိန်ကာလတွင် လူအများတို့၏ အယူဖောက်ပြန်ခြင်းများလည်း ရှိလာမည်ဖြစ်သောကြောင့် တိမောသေ၏ ကြုံတွေ့ရင်ဆိုင်ရနိုင်သော အခြေအနေကို သတိထားရန် ကြိုတင်မှာကြားခြင်းဟုလည်း… Read More »OUR DUTIES

ဘုရားအလိုတော်ရှိရင်

ခရစ်ယာန်အတော်များများပြောတတ်ကြတဲ့ စကားတခုရှိပါတယ်။ အဲ့ဒီစကားကတော့ အခြားမဟုတ်ပါဘူး။ “ဘုရားအလိုတော်ရှိရင်” ဆိုတဲ့စကားပါပဲ။ ဒါပေမယ့် မေးချင်တာက အဲ့ဒီစကားကိုပြောလိုက်တိုင်း “အလိုတော်”ကိုတကယ်ပဲသိချင်တာဟုတ်ပါရဲ့လား။ “အလိုတော်”ကို အမှန်တကယ်ဆောင်ချင်တာ ဟုတ်ပါရဲ့လား။ စာရေးသူကိုယ်တိုင်က အဲ့ဒီစကားကိုအလွန်အသုံးနည်းပါတယ်။ နောက်ပြီးဘဝမှာ ကိုယ်လုပ်ချင်တာတွေကို ဘုရားအလိုတော်လားမမေးခဲ့ဘဲ အဆင်ပြေခဲ့တာတွေမှအများကြီးပဲလေ။ အဆင်မပြေတဲ့အခါကျမှ “ဘုရားရဲ့အလိုတော်ပဲလေ” “ဝန်ခံရမှာပေါ့” လို့ဆိုလိုက်ခြင်းက ကိုယ်ဘက်ကမှန်ကန်နေပြီး ဘုရားဘက်က မီးစိမ်မပြသေးဟန် အနေအထားမျိုးဖြစ်နေပါတယ်။ စာရေးသူဘဝမှာ အလိုတော်ကိုမှန်ကန်စွာ ဝန်ခံတတ်ဖို့… Read More »ဘုရားအလိုတော်ရှိရင်

ပဋိပက္ခ – ၁၉

မိမိတို့၏ မိသားစုရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အသင်းတော်ရေး စသဖြင့်တို့တွင် ရင်ဆိုင်ကြုံတွေ့ရတတ်သည့် ပဋိပက္ခများစွာတို့အား ပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်ခြင်းအတွက် ရင်ကြားစေ့ရာတွင် စကားပြောခြင်းသည် အင်မတန်အရေးကြီးသည့် အခန်းက္ဍတစ်ရပ်ပင် … “ပြေပြေလည်လည်ပြောရင် လေယာဥ်ပျံတောင် အလကားစီးရမယ်” ဟူသည့် စနောက်ခြင်းကို ကြားဖူးကြပေလိမ့်မည်။ စကားပြောရာတွင် ပြေပြေလည်လည် ကောင်းကောင်းမွန်မွန်နှင့် လူကြားကောင်းအောင်၊ သူတပါးနားဝင်အောင် ချိုသာသည့် စကားပြောခြင်းမျိုးသည် အခြားလူတစ်ဦး၏ စိတ်နှလုံးတွင်… Read More »ပဋိပက္ခ – ၁၉