Skip to content

သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားခြင်း

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-” တိ မော သေ ဩ ဝါ ဒ စာ ဒု တိ ယ စောင် ၂:၁၅ ယုံကြည်သူတွေကို လှည့်စားဖို့အတွက် စာတန်ရဲ့လမ်းစဉ်ဟာ အမှန်တဝက်ချပြပေးခြင်း ဖြစ်တယ် (အကယ်စင်စစ် အမှန်တဝက်ဆိုသည်မှာ… Read More »သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားခြင်း

FLEE AND PURSUE

“For the love of money is the root of all evil” ငွေတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့၏ မူလအမြစ်ဟုဆိုသည်ကို တိမောသေဩဝါဒစာတွင် တွေ့ရသည်။ ထို့အပြင် ငွေအား လွန်ကျူးစွာတပ်မက်ခြင်းသည် ယုံကြည်ခြင်းလမ်းမှပင် လွဲသွားစေတတ်သည်ကိုလည်း သတိထားဖို့ရန် မှာကြားထားပေသည်။ ဤကမ္ဘာလောကကြီးထဲတွင်ရှိသော ကျွန်ုပ်တို့သည် ငွေကြေးလိုအပ်သည်မှာ မှန်ပါသည် သို့သော် ထိုငွေကိုသာ မြင်တတ်ခြင်း၊… Read More »FLEE AND PURSUE

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၅)

“အမှုတော်ဘယ်မှာဆောင်နေသလဲ”လို့မေးရင် မကွယ်မဝှက်ဘဲ မလိမ်မညာတမ်းသာဖြေကြေးဆို “ဟုတ်ကဲ့ ဖေ့စ်ဘုတ် ပေါ်မှာပါ” လို့ပြောထွက်လာမယ့်သူများမယ်လို့ထင်ပါတယ်။ ဒီကနေ့အမှုတော်ဆောင် တော်တော်များများက အမှုတော်ကို ပေါ့ပျက်ပျက်နဲ့ ကလေးကစားတဲ့ အရာလိုသဘောထား သတ်မှတ်ထားကြသလိုပါပဲ။ ဒီတော့ အမှုတော်ဆောင်တယောက်အနေနဲ့ရှိသင့်တဲ့ အရည်အချင်း၊ ထားရှိအပ်တဲ့သဘောထား၊ ပြုအပ် မပြုအပ်သောအရာများကိုဦးစွာပြင်ဆင်ခြင်းမရှိဘဲ ဖုန်းတလုံးနှင့်အင်တာနက်ရှိသည်နှင့်အမှုတော်ဆောင်လို့ရနေသည့်ပုံစံမျိုးဖြစ်လာနေပါတော့တယ်။ အင်တာနက်ပေါ်မှာ အာမင်ထူးသည့်ပရိသတ်ရှိသည်နှင့် အသင်းတော်မလိုဘဲ၊ မရှိဘဲ ဆရာကြီးတပါးလိုမျိုးအမှုတော်ဆောင်လာနေကြသည်က အန္တရာယ်ရှိသည် မဟုတ်ပေဘူးလား။ “အင်တာနက်ပေါ်မှာ အမှုတော်ဆောင်လို့မရဘူးလား”ဆိုတဲ့မေးခွန်းကိုဖြေရရင်… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၅)

သူတောင်းစားလို မကြည့်နဲ့

တမန်တော်ဝတ္ထု အခန်းကြီး ၃ တွင် လူတစ်ဦးအကြောင်းကို တွေ့ရပေသည်။ ထိုသူသည် ခြေမစွမ်းသောသူဖြစ်သည်။ “အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူ” ဟုလည်း မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။ လမ်းမလျှောက်နိုင်သောကြောင့် သူတပါး၏ ထမ်းခေါ်လာပေးခြင်းအားဖြင့် သွားလာရသူလည်းဖြစ်သည်။ ထိုသို့နှင့် တင့်တယ်အမည်ရှိသော တံခါးနားသည် သူ၏ဘိ သူ၏နေရာ ဟုပင်ဆိုပေအံ့ … ထိုနေရာအား အပီအပြင်တပ်ဆွဲထားခြင်းမှာ တောင်းစားရန်ပင်ဖြစ်သည်။ ဗိမာန်တော်သို့ လာသမျှသောသူတို့ထံမှ တောင်းစားရန်မှာ သူ၏… Read More »သူတောင်းစားလို မကြည့်နဲ့

ထိုနည်းတူ ပြုလော့

ရှင်လုကာခရစ်ဝင် အခန်းကြီး (၁၀) ထဲတွင် တွေ့ရသော ရှမာရိမဟုတ်သော သူနှစ်ဦးသည် နယ်နယ်ရရတော့ မဟုတ်ပါ၊ ခေတ်စကားအရဆိုရလျှင် အချဥ်မဟုတ်သူများပင် … ပထမတစ်ဦးသည် ယဇ်ပုရောဟိတ် “Priest” ဖြစ်သည်။ ထိုခေတ်ကာလအချိန်သည် ယဇ်ပုရောဟိတ်သာလျှင် မီးရှို့ရာယဇ်၊ ဘောဇဥ်ပူဇော်သက္ကာ စသဖြင့် ပူဇော်သက္ကာလုပ်ပေးနိုင်သူဖြစ်သည်။ ထို့ကြောင့် သူ၏ အရေးပါပုံသည် ပေါ့သေးသေးတော့ မဟုတ်ချေ … ဒုတိယတစ်ဦးမှာ လေဝိ… Read More »ထိုနည်းတူ ပြုလော့

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၄)

အမှုတော်ဆောင်များအတွက် အမှုတော်ထဲမှာ အစေခံနေခြင်းကလွဲ၍ ကျန်သည့်အရာများကို အမှုတော်နှင့်မဆိုင်ဟု သတ်မှတ်၍ မရချေ။ ထိုအထဲမှာမှ ထာဝရဘုရားဆုချ၍ပေးသနားတော်မူသော အမွေဥစ္စာတည်းဟူသော သားသမီးရတနာများကိုပြုစုပျိုးထောင်ရခြင်းသည်လည်း အိမ်ထောင်မိသားစုရှိသော အမှုတော်ဆောင်တို့အဖို့အရေးကြီးသော အခန်းကဏ္ဠတရပ်အဖြစ်ရှိနေဆဲပါပဲ။ ဤအမှုအရာ၌ သားသမီးရှိသောအမှုတော်ဆောင်တို့အနေဖြင့် ပေါ့ဆ၍ မသင့်ဘဲ၊ တန်ဖိုးထားအလေးပေးပြုစုသင့်ပေသည်။ ဘယ်ကလေးကိုမျှ မွေးဖွားလာသည်နှင့်လိမ္မာရေးခြားရှိမည့်ကလေး၊ ကြီးလာရင်မိဘတွေကိုလုပ်ကျွေးမည့်ကလေး လို့ အတပ်မဆိုနိုင်ပါဘူး။ ငယ်စဉ်မှာလိမ္မာယဉ်ကျေးပြီး ကြီးပြင်းလာသည့်အခါ ဆိုးမိုက်ပေတေသည့်အသက်တာကို ဖြတ်သန်းနေသည့်သားသမီးတွေကို ရင်မောစွာနဲ့ချစ်နေရတဲ့ မိဘတွေများစွာရှိနေတယ်ဆိုတာ… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၄)

ရှည်သောစိတ်

စိတ်တိုခြင်း၊ စိတ်ဆိုးခြင်းတို့သည် မိမိတို့ကိုယ်တိုင်အတွက်သာမက မိမိတို့၏ဘေးပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတတ်သော စိတ်ခံစားချက်တို့အား အခြေပြုထားသည့် စနက်တံတစ်ခုလည်းဖြစ်သည်။ ထိုစနက်တံသည် အခြေအနေတစ်ခုဖြစ်စေ၊ စကားတစ်ခွန်းကြောင့်ပင်ဖြစ်စေ လွတ်ထွက်သွားတတ်ကြပေသည်။ ထိုမှတဆင့် စိတ်မရှည်တော့ကာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်များနှင့် စိတ်အလိုလိုက်၍ ပြောမိခြင်းများ စသဖြင့်တို့သည် အစပြုလာကာ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်းကို ဖြစ်ပေါ်လာစေပြီးနောက်တွင် ထိုမှထပ်ဆင့်၍ အရာရာထိခိုက်သွားတတ်ပေသည်မဟုတ်ပါလား။ ထိုသို့သောအဖြစ်အပျက်များစွာအား ကျွန်ုပ်တို့သည် မိမိတ်ို့ကိုယ်တိုင်ဖြစ်စေ၊ မိမိတို့၏ ပတ်ဝန်းကျင်တွင်ဖြစ်စေ… Read More »ရှည်သောစိတ်

အိပ်မက်ပေးသူ

☘️🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀 Following your God-Given Destiny ရှေးမကျလှသည့် အတိတ်တချိန်က (not long ago) … သိပ်မဝေးလှသည့် (not far away) … “ရင်းနှီးကျွမ်းဝင်ရာ” (The Land of Familiar) ဆိုသည့်တိုင်းပြည်တပြည်တွင်  “သာမန်လူလေး” (Ordinary) ဟု အမည်ရသော “အညတရ” (Nobody) တဦး နေထိုင်အသက်ရှင်ခဲ့သည်။… Read More »အိပ်မက်ပေးသူ

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၃)

အမှုတော်ဆောင်တဲ့သူတိုင်းဟာ တရားဒေသနာဝေငှဟောပြောခြင်းကို ရှောင်လွှဲလို့မရပါဘူး။ ကိုယ်တိုင်က ဧဝံဂေလိတရားကိုကြားခဲ့ပြီးနောက်၊ ထိုတရားကိုဆက်လက်ကြားပြောကာ၊ သက်ဆိုင်သူ ယုံကြည်သူများအားလည်း ထိုတရားတော်ကိုအမှီပြုလျက် တိုက်တွန်းခြင်း၊ ခွန်အားပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ တည်ဆောက်ပေးခြင်းအမှုရာတွေ၌ ဆက်လက်ပြီးမွှေ့လျော် ဝန်တာထားလုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှုတော်ဆောင်တွေအနေဖြင့် နှုတ်ကပတ်တော်ဟောပြောခြင်းအတွက် အမြဲအသင့်ဖြစ်နေသင့်ပါတယ်။ ဘာဒေသနာဟောပြောမလဲ ဘာဒေသနာကိုဟောပြောမလဲ ဆိုရင် သခင်ဘုရားရဲ့ဒေသနာကိုသာ ဟောပြောရမှာပါ။ ဘာကြောင့်ဒီလိုဆိုရသလဲဆိုရင် သမ္မာကျမ်းစာထဲမှာ ကျွန်ပ်တို့သိသင့်သည့်အရာများရှိသလို၊ အဓိကထားလိုက်လျှောက်သင့်သည့်အရာများလည်းရှိလို့ပါပဲ။ မျက်မှောက်ကာလမှာ သတိထားမိသည့်အရာကတော့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၃)