Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၂၉)

“ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။” ရှင်မာကုခရစ်ဝင် ၆း၃၄ “When he went ashore he saw a great crowd, and he had compassion on them,… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၉)

ပဋိပက္ခ – ၆

တခါတခါတွင် ကျွန်ုပ်တို့ပြောမိသောစကားများသည် ကြားရသည့် သူတပါးအတွက် နားဝင်မချိုသောစကားများဖြစ်နေတတ်သည်။ တခါတခါတွင်လည်း စိတ်မရှည်ခြင်းများစွာ ပါဝင်နေတတ်ပေသည်။ အကြောင်းအရာများအပေါ်မူတည်၍လည်း အမျက်ဒေါသထွက်လာတတ်ကြသေး၏။ အခြေအနေ၊ အချိန်အခါအလိုက် စိတ်ဒေါသထွက်လာတတ်ကြကာ စကားပြောရာ၌လည်း အမှားများပါသွားတတ်ကြပေသည်။ ထိုအရာများသည် ပဋိပက္ခများကိုဖြစ်ပေါ်လာစေတတ်သောအရာများထဲမှ တစ်ခုအပါအဝင်ဖြစ်ချေသည်။ မိမိတို့ကသာ သူတပါးထံမှ ဖြေးညှင်းသောစကားများကို ကြားလိုကာ၊ စိတ်ရှည်ခြင်းများနှင့် ဆက်ဆံသည့်သဘောကို လိုချင်ကြသည်။ သို့သော် မိမိတို့ကတော့ ထိုသို့ မလုပ်ဆောင်မိတတ်ကြသည့် အခိုက်အတန့်များစွာ… Read More »ပဋိပက္ခ – ၆

ပဋိပက္ခ – ၅

အာဗြဟံဟု အမည်မပြောင်းမီ အာဗြံနှင့် လောတတို့ ခါနာန်ပြည်တောင်ပိုင်းသို့ရောက်သည့်နောက်တွင် နှစ်ယောက်သား ပစ္စည်းဥစ္စာသာ၍သာ၍ တိုးပွားလာကြသည်။ “အာဗြံသည် သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်း အလွန်ရတတ်၏” ဟုဖော်ပြထားသကဲ့သို့ “အာဗြံနှင့်အတူလိုက်သော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်” ဟူ၍တွေ့ရပေသည်။ ထိုသူနှစ်ဦးတို့၏ တိုးပွားခြင်းသည် မြေကြီးပင်မဆံ့နိုင်ပေ။ “ဥစ္စာများလွန်း၍ သူတို့သည် တရပ်တည်း မနေနိုင်ကြ” ဟုလည်း ကျွန်ုပ်တို့ တွေ့နိုင်ပေသည်။… Read More »ပဋိပက္ခ – ၅

ချစ်သော လူငယ်သို့ – အပိုင်း(၂၈)

“သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။”ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၇“casting all your anxieties on him, because he cares for you.”1 Peter 5:7 စိုးရိမ်စရာအမှုများတဲ့ လူ့ဘောင်လောကထဲ အထူးသဖြင့် ယနေ့ဟုခေါ်ဝေါ်တဲ့ ဒီကာလမှာ စိုးရိမ်မှုကြောင့်ကြမှုကို အရွယ်မရွေးတွေ့ကြုံရင်ဆိုင်ကြရပါတယ်။ ခေတ်ကြီးကတိုးတက်မှုမြန်ဆန်လာသည်နှင့်အမျှ ကလေး လူငယ် လူကြီး… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၈)

ပဋိပက္ခ – ၄


အသင်း​တော်၊ သာသနာလုပ်ငန်းဖြစ်​စေ၊ အခြား​သော ပြင်ပလုပ်ငန်းများတွင်ဖြစ်​စေ လုပ်ငန်းတာဝန်များစွာရှိကြသည်။ ထို​နေရာတွင် တာဝန်ရှိသူတစ်ဦးအ​နေဖြင့် အခြားသူများကို တာဝန်ခွဲ​ဝေ​ပေးခြင်းများလည်း လုပ်​ဆောင်ရ​လေ့ရှိသည်။ ​စေခိုင်းခြင်းနှင့်ပတ်သတ်၍ Business Management သင်ရိုးတွင် အခွင့်အာဏာ သုံးမျိုးကို​တွေ့ရသည်။ ထိုအရာများမှာ (Traditional Authority, Legal Authority, Charismatic Authority) တို့ဖြစ်ကြသည်။ Traditional မှာ မိသားစုလိုက်ဆင်းသက်​သော အာဏာဖြစ်ပြီး ဥပမာဆိုရလျှင် မိဘသည်… Read More »ပဋိပက္ခ – ၄


ပဋိပက္ခ – ၃

နေ့စဥ်​နေ့တိုင်း ကျွန်ုပ်တို့သည် စကားများစွာ​ပြောဆို​နေကြ​လေ့ရှိသည်။ ထိုအသုံးပြုလိုက်​သော စကားလုံးများသည် မည်သူ့အ​ပေါ်နာကျင်​စေပြီး၊ မည်သူ့အ​ပေါ်အနာကိုသက်သာ​​စေသည်ကို​တော့ သတိမထားမိတတ်ကြ​ချေ။ တခါတရံတွင် မြင်​တွေ့နေရ​သောအရာများသည် လိုအပ်​နေခြင်းများ၊ မှား​နေခြင်းများကို ​စေတနာနှင့် ​ပြောဆိုရန်ဖြစ်လာတတ်​ပေသည်။ ထိုသို့​ပြောဆိုခြင်းသည် ထိလွယ်ရှလွယ်အ​ခြေအ​နေတစ်ခုကိုပင် ဖန်တီးနိုင်စွမ်းရှိ​သော​ကြောင့် သတိထား​ပြောဆိုရန် အင်မတန်လိုအပ်​ပေသည်။ ပဋိပက္ခကိုဦးတည်​သော ဖြစ်ရပ်များသည် ထိုစကားများအားဖြင့် စတင်ဖြစ်​ပေါ်လာတတ်​​သော ပြတင်း​ပေါက်ပင်တစ်ခုအလားဖြစ်ပေသည်။ အဘယ့်​ကြောင့်ဆို​သော် မိသားစုများပင်ဖြစ်​စေကာမူ အပြုသ​ဘောဖြင့် မပြောဘဲ အပြစ်တင်တတ်​သည့် အပျက်သ​ဘော​ဆောင်​ပြောဆိုခြင်း၊… Read More »ပဋိပက္ခ – ၃

ချစ်သော လူငယ်သို့ – အပိုင်း(၂၇)

“ဘု​ရား​သ​ခင့်​ထံ​တော်၌ သ​စ္စာ​က​တိ​ပြု​မိ​လျှင်၊ သ​စ္စာ​ဝတ်​ကို မ​ဖြေ​ဘဲ​မ​နေ​နှင့်။ မိုက်​သော​သူ​တို့​ကို အား​ရ​နှစ်​သက်​တော်​မ​မူ။ သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း ဝတ်​ကို​ဖြေ​လော့။ သ​စ္စာ​က​တိ​ပြု၍ ဝတ်​ကို​မ​ဖြေ​ဘဲ​နေ​သည်​ထက်၊ သ​စ္စာ​က​တိ​အ​လျှင်း​မ​ပြု​ဘဲ​နေ​သော် သာ၍​ကောင်း၏။”ဒေသနာကျမ်း ၅း၄-၅“When you vow a vow to God, do not delay paying it, for he has no pleasure in… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၂၇)

ပဋိပက္ခ – ၂

လုပ်ငန်းခွင်ထဲတွင်ဖြစ်​စေ၊ ပတ်ဝန်းကျင်တွင်ဖြစ်​စေ၊ မိသားစုတွင်ဖြစ်​စေ၊ ​အသင်း​တော်တွင်ဖြစ်​စေ ပဋိပက္ခ​တွေကို မြင်​တွေ့ရတတ်​ပေသည်။ ထိုအရာများကို လူများသည် မနှစ်သက်ကြ​ချေ။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရသည် မဟုတ်ပါလား။ လူ့သ​ဘောသဘာဝအရ​တော့ အရာရာ အဆင်​ပြေ​​ချော​မွေ့​နေခြင်းကို​တော့ လူတိုင်းကြိုက်နှစ်သက်ကြသည်။ အဆင်မ​ပြေ​​သော ပဋိပက္ခများကို ရင်ဆိုင်ရမည်ကို စိုးရိမ်ကြပါသည်။ သို့​သော်လည်း ရင်ဆိုင်ကြုံ​တွေ့ကြရ​ပေသည်။ ထိုပဋိပက္ခအ​ပေါ် ရှုမြင်​သော အမြင်နှင့် ရင်ဆိုင်​သောသွင်ပြင်လက္ခဏာအ​ပေါ်တွင် မူတည်၍ ရလဒ်များနှင့် ဆုံးရှုံးမှုများသည် ကွာခြားသွား​ချေသည်။… Read More »ပဋိပက္ခ – ၂

ပဋိပက္ခ – ၁

ကျွန်​တော်တို့သည် တစ်ခါတစ်ခါတွင် စိတ်မြန်လက်မြန်ပြုမူတတ်ကြသည်။ သတိထား​နေပါ​သော်လည်း စိတ်မြန်လက်မြန်​ပြောဆိုလိုက်ခြင်း၊ ပြုမူလိုက်ခြင်း​တွေ​ကြောင့် မလိုအပ်​သော အရာများဖြစ်လာတတ်ကြသည်။ ထိုအရာများသည် ပဋိပက္ခများ၏ ဖြစ်တည်ရာ ရပ်ဝန်းတစ်ခုဟု ဆိုရရင်လည်း မမှား​ချေ။ လုပ်ငန်းခွင်မှာဖြစ်​စေ၊ ပတ်ဝန်းကျင်မှာဖြစ်​စေ၊ အ​ပေါင်းအသင်းမိတ်​ဆွေ​တွေ ကြားမှာဖြစ်​​စေ၊ ဘုရား​ကျောင်းမှာဖြစ်​စေ စသဖြင့် အမျိုးမျိုး​သော ​နေရာ​တွေမှာလည်း ထိုသို့ပြုမူ​ပြောဆိုခြင်း​တွေ​ကြောင့် မလိုအပ်​​သော ပြဿနာများ၊ အဆင်မ​ပြေမှုများကို ဖြစ်​ပေါ်လာ​စေတတ်ကြသည်။ မိမိ၏ ​စိတ်ခံစားချက်အလိုက် ပတ်ခနဲ… Read More »ပဋိပက္ခ – ၁