Skip to content

Easter Sunday 2021

“ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-”‭‭ရှင်မဿဲခရစ်ဝင် ၂၈:၅-၆ မင်္ဂလာရှိသော ရှင်ပြန်ထမြောက်တော်မူရာ အီစတာတနင်္ဂနွေနေ့လေးဖြစ်ပါစေကြောင်း ကျွန်တော်တို့ Thy Logos အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။ မင်္ဂလာပါလို့ နှုတ်ဆက်သော်လည်း ယနေ့မှာ မြန်မာနိုင်ငံ၌ အမှန်တကယ်ရော မင်္ဂလာရှိတဲ့နေ့လေး ဖြစ်နိုင်ပါ့မလား… Read More »Easter Sunday 2021

ငြိမ်ဝပ်

“ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟု သိ​မှတ်​ကြ​လော့။ လူ​မျိုး​တို့​တွင် ငါ​သည် ဘုန်း​ပွင့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဘုန်း​ပွင့်​မည်။” ‭‭ ဆာလံကျမ်း ၄၆:၁၀ ငြိမ်ဝပ်ခြင်း ကင်းမဲ့ တုန်လှုပ်ခြင်း ပြည့်နှက် မရေရာတဲ့ ရှေ့အတွက် ရင်ဆိုင်ရင်း ရှေ့ဆက် သေချာတဲ့ ကတိစကား ရေရာတဲ့ သခင့်အနား ငြိမ်ဝပ်လျက် သိမှတ်ထား ထိုသူကား “ဘုန်းကြီးသခင်ဘုရား” ~သိမှတ်တိုးဝင်လျက် ငြိမ်ဝပ်မြော်လင့်ကြပါစို့~… Read More »ငြိမ်ဝပ်

လုပ်နိုင်သည့် အရာမှာ

ဒီအချိန်ကာလမှာ ယုံကြည်သူတိုင်းလိုလို မေးခွန်းတွေများပြီး သောကတွေပွါးနေကြမယ်ဆိုတာအသေအချာပါပဲ။Social Network စာမျက်နှာတွေပေါ်မှာ နေ့စဉ်တွေ့မြင်ရသည့်အရာတွေ၊ ဖတ်ရသည့်စာတွေအားဖြင့်လည်း ဘာကိုရေရေရာရာလုပ်ရမှန်းမသိ။ လုပ်နေတာမှန်ရဲ့လားမသိဘဲ ဝေခွဲမရဖြစ်နေသူတွေလည်းရှိပါတယ်။ ဒါဆိုရင် ခရစ်တော်နောက်တော်သို့လိုက်သောယုံကြည်သူတစ်ယောက်ချင်းစီတိုင်း ဘာတွေကိုလုပ်ဆောင်နိုင်မလဲ? ၁။ ဆုတောင်းပေးနိုင်ပါတယ်ကျွန်တော်တို့ နှုတ်ကနေမမြွက်ဆိုမှီကတည်းက သိနေနှင့်သော ဘုရားနှင့်ဆက်သွယ်သောအမှု၊ မခြားမလပ်ပြုစေခြင်းငှါ သခင်အလိုရှိသောအမှုဖြစ်ပါတယ်။ ၂။ ဝေမျှပေးကမ်းခြင်းဒုက္ခဆင်းရဲရောက်နေသောကာလမှာ ပြန်လည်စီးဆင်းဝေမျှနိုင်သောအခွင့်ရှိပါတယ်။ ပိုလျှံကြွယ်ဝသောကြောင့်ဆိုတာထက် ဘုရားရဲ့ကောင်းကြီးမင်္ဂလာရှိသောကြောင့်ဖြစ်ပါတယ်။ ဝေမျှပေးကမိးခြင်းသည်လည်း သခင်နှစ်သက်သောယဇ်ဖြစ်ပါတယ်။ ၃။ ကူညီမစပေးခြင်းအကူအညီကိုမလိုသောသူမရှိပါ။… Read More »လုပ်နိုင်သည့် အရာမှာ

သခင်ယေရှုကို ကိုးကွယ်ကြကုန်စို့

“တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊- ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။- 👉ငါ့​ကို​ ကိုး​ကွယ်​(προσκυνέω)လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ 👉သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​… Read More »သခင်ယေရှုကို ကိုးကွယ်ကြကုန်စို့

“ငါက ထာဝရဘုရားသခင်၊ ငါ့ကို ပြပ်ဝပ်ကိုးကွယ်ကြစေ” ဆိုပြီး သခင်ယေရှုက ဘုရားသခင်ဖြစ်ကြောင်း အတိအလင်း ကြွေးကြော်ခဲ့ပါသလား

ဒီမေးခွန်းမျိုးက rhetorical question မေးခွန်းအမျိုးအစားဖြစ်ပါတယ်။ Rhetorical question ဆိုတာ အဖြေမလိုသော်လည်း ထိရောက်စေလို၍ မေးတဲ့ မေးခွန်းမျိုးကို ပြောတာပါ။ နေ့စဉ်ဘဝမှာလည်း ကျွန်တော်တို့ rhetorical question တွေ မကြာမကြာသုံးကြလေ့ရှိပါတယ်။ ဥပမာ ဒီလိုမေးခွန်းမျိုးတွေပေါ့ … “စာမကျက်ဘဲ စာမေးပွဲအောင်မလား” တို့၊ ခုလိုကပ်ဘေးကာလမှာဆိုရင် “အပြင်သွားမယ့်ဟာကို Mask မတပ်လို့ရမလား” တို့လို အဖြေမလိုတဲ့… Read More »“ငါက ထာဝရဘုရားသခင်၊ ငါ့ကို ပြပ်ဝပ်ကိုးကွယ်ကြစေ” ဆိုပြီး သခင်ယေရှုက ဘုရားသခင်ဖြစ်ကြောင်း အတိအလင်း ကြွေးကြော်ခဲ့ပါသလား

သခင်ယေရှုသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင်

ယေရှုခရစ်တော်ကို ရှိခိုးပါ။ ကိုယ်တော်ကို ပြပ်ဝတ်ကိုးကွယ်ပါ။ ကိုယ်တော်ရှင် ယေရှု၏ နာမတော်ကို အမှီပြု၍ ဆုတောင်းပါ။ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် (ဧမာနွေလ) ဖြစ်သောကြောင့်တည်း။ ရှင်သောမက သခင့်ကို “ဘုရားသခင်” လို့ ခေါ်တဲ့အခါ သခင်က “ငါကား ဘုရားသခင် မဟုတ်ဘူး” လို့ မငြင်းပယ်ခဲ့ပါဘူး။ ငါ့ကို မရှိခိုးပါနဲ့။ မကိုးကွယ်ပါနဲ့လို့လည်း… Read More »သခင်ယေရှုသည် ဖန်ဆင်းရှင် ထာဝရဘုရားသခင်

မှားယွင်းခြင်းအမှုပြုသော အမျိုးသမီးနှင့် သခင်ယေရှုဘုရား၏ တရားစီရင်ပုံ

ဒီနေရာမှာ ဆရာကြီးယုဒသန်က adultery ဆိုတဲ့စကားလုံးနေရာကို မြန်မာလို ကျမ်းဂန်ဆန်ဆန် “မှားယွင်းခြင်းအမှုကို ပြုသော မိန်းမ” လို့ ပျော့ပြောင်းအောင် သေချာလေး ဘာသာပြန်ထားပေးတာပါ။ တကယ်က ခေတ်စကား၊ အရပ်စကားနဲ့ ပြောရင် “လင်ငယ်နေတာ၊ နောက်မီးလင်းတာ၊ ကာမပိုင်ရှိသူနဲ့ ဖောက်ပြန်နေတာ” ကိုပြောတာ။ အဲ့လိုအမှုတွေနဲ့ မှားယွင်းနေတဲ့ မိန်းမပျက်ကို ပြောတာ။ “ယေ​ရှု​သည်​လည်း သံ​လွင်​တောင်​သို့ ကြွ​တော်​မူ၏။- နံ​နက်​စော​စော​ဗိ​မာန်​တော်​သို့… Read More »မှားယွင်းခြင်းအမှုပြုသော အမျိုးသမီးနှင့် သခင်ယေရှုဘုရား၏ တရားစီရင်ပုံ

အဗ္ဗအဖ

ဘုရားနဲ့သိကျွမ်းဝင်ခြင်းထဲမှာ အထူးခြားဆုံးနဲ့အရင်းနှီးဆုံးသိကျွမ်းဝင်ရခြင်းက “အဗ္ဗအဖ” လို့ခေါ်ရခြင်း၊ သိကျွမ်းရခြင်း အခွင့်ထူးပါပဲ။ လူတိုင်းကို ဘုရားရှင် ဖန်ဆင်းပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ဘုရားသခင်ရဲ့ သားသမီးတွေ မဟုတ်ပါဘူး။ #ရှင်ယောဟန်ခရစ်ဝင် ၁:၁၂-၁၃ “ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက် ဖွားသောသားမဟုတ်။… Read More »အဗ္ဗအဖ

ပရောဖက်

“ပရောဖက်” ဆိုတဲ့စကားလုံးကို အပြည့်အစုံဖော်ပြရမယ်ဆိုရင် “ထာဝရဘုရားသခင် ကိုယ်စား ဘုရားရဲ့စကားကိုကြားပြောသောသူ” လို့အဓိပ္ပါယ်ရပါတယ်။ ဘုရားရဲ့ ပရောဖက်တွေဟာ လူပုဂ္ဂိုလ်တဦးတယောက်တည်းကိုပဲဖြစ်ဖြစ်၊ လူစုတစုကိုပဲ ဖြစ်ဖြစ် ထာဝရဘုရားပေးပို့လိုတဲ့ သတင်းစကားကို ကြားခံဆင့်ဆိုပေးရတဲ့သူတွေလည်း ဟုတ်ပါတယ်။ ပရောဖက်တွေဟာ “ရူပါရုံ” တွေရှိသောသူများလို့သိမှတ်ရပြီး၊ အနာဂတ်ကို ကြိုမြင်နိုင်တဲ့အခွင့်အရေးကို ရရှိကြသူတွေလည်း ဖြစ်ကြပါတယ်။ သို့သော်လည်း အနာဂတ်ကိုဟောကိန်းထုတ်ခြင်းကတော့ ကျမ်းစာထဲ၌ပါသောပရောဖက်တို့အဖို့ အမှုတော်မှာ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ ထိုသူတွေဟာ အဓိကအားဖြင့်… Read More »ပရောဖက်