Skip to content

မင်္ဂလာနှစ်သစ် ၂၀၂၁

နေ့ရက်တွေကိုရေတွက်ရင်း၂၀၂၀ရဲ့နောက်ဆုံးနေ့ရက်ရောက်ခဲ့လေပြီ။ လောကရဲ့နှစ်သစ်ကိုဝင်စားဖို့လောကနဲ့ထာဝရကိုပိုင်သတဲ့အရှင်သခင် ထိုပုဂ္ဂိုလ်တော်ဘုရားဖြစ်‌သော ထိုသခင်ယေရှုရဲ့ငြိမ်သက်ခြင်းကျေးဇူးကိုသာ သင်ရဲ့ဦးနှောက်အသိ နဲ့ နှလုံးသားထဲမှာ နေရာပေးပြီးနှစ်သစ်ကျေးဇူးကိုလက်ခံရယူကာနှစ်သစ်ထဲဝင်စားကြရအောင်။ဒါဟာနှစ်သစ်အတွက်နက်နဲ‌သောအ‌ရေးကြီးဆုံးပါမိတ်ဆွေ။ နေ့၊ရက်၊လ၊နှစ် တွေရေတွက်တတ်‌သော သူထက် ထာဝရအတွက်အသက်ရှင်သောထာဝရလူဖြစ်ပါစေ။ ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။ရှင်​ယော​ဟန်​ခ​ရစ်​ဝင် ၁၄:၂၇ အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။… Read More »မင်္ဂလာနှစ်သစ် ၂၀၂၁

Happy New Year (2021)

နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းကို မေ့ရမလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းကို အပြစ်တင်သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ ကောင်းချီးမင်္ဂလာ မရှိခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ မကောင်းတာတွေနဲ့ပဲ ဖြတ်သန်းခဲ့ရသလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ အဟောင်းတွေပဲ ဝေနေခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ လူဆိုးတွေနဲ့ပဲ တွေ့ခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ အသက်မွေးလောက်သောအစာကို မရခဲ့သလို ပြောနေကြတယ်နှစ်သစ်ကူးတော့မှာမို့ နှစ်ဟောင်းမှာ ပူဆွေးစရာတွေနဲ့ပဲ နှပါးသွားရသလို… Read More »Happy New Year (2021)

ဆိုးညစ်မှုနှင့် စီရင်ခြင်း

သောဒုံနှင့်ဂေါမောရဟာ လူတွေရဲ့ဆိုးသွမ်းအပြစ်များမှုနှင့်ထိုဆိုးညစ်မှုတွေကို ဘုရားသခင်စီရင်တော်မူတယ်ဆိုတာကို ပုံဉပမာအနေဖြင့် ကျမ်းစာတလျှောက်မှာဖော်ပြထားတာတွေ့မြင်ရပါတယ်။ ထိုမြို့တွေကို ကမ္ဘာဦး ၁၀:၁၉ မှာဖော်ပြထားပြီး ခါနာန်အမျိုးသားတွေရဲ့နယ်နိမိတ်တွင်းမှာဖြစ်တယ်ဆိုတာလည်း နားလည်ရပါတယ်။ နောက်ထပ်ဖော်ပြထားတဲ့ နေရာကတော့ ကမ္ဘာဦး ၁၃:၁၀ မှာဖြစ်ပြီး ဘုရားသခင်ဖျက်ဆီးတယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်။ အကြောင်းကတော့ “သော​ဒုံ​မြို့​သား​တို့​သည် ဆိုး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌၊ အ​လွန်​အ​ပြစ်​များ​သော​သူ ဖြစ်​ကြ​သ​တည်း။” ကမ္ဘာဦးကျမ်း ၁၃:၁၃ ကမ္ဘာဦးကျမ်းကိုကြည့်တဲ့အခါ လောတဟာ သူ့ရဲ့အမြင်ပေါ်အခြေခံတဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ပြီး၊ သူ့ရဲ့ဦးလေးအာဗြဟံကတော့ ဆုံးဖြတ်ချက်တိုင်းကိုယုံကြည်ခြင်း၌အခြေပြုတယ်လို့ဆင်ခြင်ရပါတယ်။… Read More »ဆိုးညစ်မှုနှင့် စီရင်ခြင်း

ကယ်တင်ခြင်းကျေးဇူးသည် တခဏတာ လော၊ ထာဝရ လော။ (အပိုင်း – ၁)

မကြာခင်က “ကယ်တင်ခြင်းရပြီးသူများလည်း တဖန်ပြန်လည်ဆုံးရှုံးနိုင်သေးသည် ဟု ယုံတဲ့သူတွေရဲ့ ခံယူချက်ကို သိချင်ပါတယ်” ဟူသည့် စာတစောင်ကို Thy Logos မှ လက်ခံရရှိခဲ့ပါသည်။ အသင်းတော်သမိုင်းအရ ရိုမန်ကတ်သိုလစ်အသင်းတော်ကြီးနှင့် ပရိုတက်စတင့် အသင်းတော်ကြီးများကြားတွင် “ကယ်တင်ခြင်းသည် ရရှိပြီးမှ ပြန်လည်ဆုံးရှုံးနိုင်သည်” ၊ “ကယ်တင်ခြင်းသည် အမှန်တကန် ရရှိပြီးက မည်သည့်အခါတွင်မျှမဆုံးရှုံးနိုင်” ဟူ၍ နှစ်ပေါင်းများစွာ အငြင်းပွားလာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့်… Read More »ကယ်တင်ခြင်းကျေးဇူးသည် တခဏတာ လော၊ ထာဝရ လော။ (အပိုင်း – ၁)

သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား – အပိုင်း (၁)

သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်ကြီးများထဲမှ တခုဖြစ်ပေသည်။ ခရစ်ယာန်တယောက်အနေဖြင့် ဤယုံကြည်မှုကို ရှင်းလင်းပြတ်သားစွာ သိရှိပြီး ယုံကြည်ထားရပေမည်။ သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် မည်မျှအရေးကြီးပါသနည်းဟု မေးပါက သင်သည် သုံးပါးတဆူ ထာဝရဘုရားအား မယုံကြည်ငြင်းပယ်ပါက မိမိကိုယ်ကို “ခရစ်ယာန်” အဖြစ် သမုတ်၍ပင် မရနိုင်လောက်အောင် အရေးကြီးပါသည်။ အကြောင်းမှာ ထိုအယူဝါဒသည် မည်သည့် ဘာသာတရားတွင်၌မျှ… Read More »သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား – အပိုင်း (၁)

ခရစ်တော်၌ တည်သောသူ

ယနေ့ ကျွနိုပ်တို့ ယုံကြည်သူ ခရစ်ယာန်တို့သည် လောကသားများနည်းတူ ပြုမူကျင့်ကြံ အသက်ရှင်နေထိုင်နေကြသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင် သခင်ယေရှုခရစ်တော် အလိုရှိသော အသက်တာ မဟုတ်ပေ။ “ယုံကြည်သူ” ဟု မိမိကိုယ် မိမိခေါ်နေသော ခရစ်ယာန်များသည် အမှန်တကယ် အပြောနှင့်အလုပ်ညီသူများ တဖြည်းဖြည်း နည်းပါးလာကြသည်။ ယုံကြည်ခြင်း၊နာခံခြင်းများ လျော့ရဲလာကြသည်။ ဤသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ဘုရားသခင်၏ အလိုတော်သည် ကျွန်ုပ်တို့ ထာဝရအသက်ရရုံ… Read More »ခရစ်တော်၌ တည်သောသူ

ယေရှုခရစ်တော်

ယေရှုခရစ်တော်ကို တယောက်တည်းအဖြစ်မမြင်ဘဲ ယေရှုကတယောက် ခရစ်တော်ကတယောက်အဖြစ် မြင်နေကြတဲ့သူတွေရဲ့ သြဝါဒတွေဟာ ၂၀၁၈ ခုနှစ်လောက်က စပြီး မြန်မာပြည်ကို ပြန့်ပွားလာကာ ယနေ့ထိတိုင် မြန်မာခရစ်ယာန်အသင်းတော်တွေကြားမှာ အငြင်းပွားနေလျက်ရှိပါသည်။ ယေရှုနဲ့ ခရစ်တော် မတူဘူးလို့ ခွဲရခြင်းရဲ့ အဓိကအကြောင်းအရင်းများကို လေ့လာကြည့်တဲ့အခါ ၁။ ဓမ္မတက္ကသိုလ်တက်ရောက်ကာ ဓမ္မပညာသင်ယူခြင်း ကို အထင်မကြီးဘဲ သမ္မာကျမ်းစာကို ဓမ္မဓိဋ္ဌာန်ကျကျ မလေ့လာတတ်ခြင်း။ ၂။ “ဝိညာဉ်တော်ဖော်ပြခြင်း”… Read More »ယေရှုခရစ်တော်

စစ်မှန်သော ရတနာ

“ထာဝရဘုရားသည် သင့်ကိုမျော်ကြည့်၍ချမ်းသာပေးတော်မူပါစေသော။ ” (တောလည်ရာ ၆း၂၆) သခင်ယေရှုခရစ်တော်က ကျွန်ပ်တို့အတွက် တံတွေးထွေးခြင်းခံ၊ ခန္ဓာကိုယ်စုတ်ပြတ်သတ်အောင်ရိုက်နှက်ခံ၊ အသွေးသွန်းခံ၊ အပြစ်သားကျွန်ုပ်အတွက် ကိုယ်စားအသေခံပြီး သစ်တိုင်မှာချိတ်ဆွဲခံကာ သင်နှင့်ကျွန်ုပ်ကို အပြစ်နွံထဲမှရွေးနှုတ်ကာ ငြိမ်သက်ခြင်းချမ်းသာကိုပေးခဲ့လေပြီ။ ဒါပေမဲ့ကျွန်ုပ်တို့အားလုံးအတွက် ထိုသခင်ပေးခဲ့တဲ့ ငြိမ်သက်ခြင်းချမ်းသာကို သင်နှင့်ကျွန်ုပ် အကြိမ်ကြိမ် လျစ်လျူရှုကာ သခင့်ရင်ကိုနာကျင်စေခဲ့ပြီလော။ စဉ်းစားပါ အဆွေ။ သင့်စိတ်နှလုံးထဲမှာ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ ခြင်း၊ အထီးကျန်ခြင်း… Read More »စစ်မှန်သော ရတနာ

အကောင်းဆုံးသော အကြွေး

လူတွေပြောနေကြစကားရှိပါတယ်“လောကကြီးက မေတ္တာတရားခေါင်းပါးလာပြီကွာ”။ ဟုတ်ပါတယ် ချစ်ခြင်းမေတ္တာခေါင်းပါးလာပါတယ်။ ငတ်ပါများတော့ အရသာဘယ်လိုရှိလည်းတောင်မသိကြတော့ပါဘူး။ ဒီလောကကြီးဟာ မေတ္တာကိုလိုအပ်ပါတယ်။ဆေးဆိုးမေတ္တာ၊ အပေါ်ယံမေတ္တာ၊ ကိုယ်ကျိုးရှာမေတ္တာ၊ ငတေမှာရင်ပြီးရောမေတ္တာ ဆိုတာတွေကပဲ တစ်ဦးပေါ်တစ်ဦးတင်ကျန်လျက် လောကကြီးကိုပြည့်နက်နေစေကြတုန်းပါပဲ။ “အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​မှ​တစ်​ပါး အ​ဘယ်​ကြွေး​မျှ မ​တင်​စေ​နှင့်။ သူ​တစ်​ပါး​ကို​ချစ်​သော​သူ​သည် အ​ကျင့်​တ​ရား​နှင့်​ပြည့်​စုံ​ပြီ။-”(‭‭ရောမဩဝါဒစာ ၁၃:၈) မေတ္တာတရားလောကမှာခေါင်းပါးကောင်း ခေါင်းပါးနေပါလိမ့်မယ်။ သို့သော် ယုံကြည်သူခရစ်ယာန်အသက်တာမှာတော့ မခေါင်းပါးသင့်ပါ။ မေတ္တာတရားဟာ အကျင့်တရား(law)ရဲ့ပြည့်စုံရာဖြစ်ပါတယ်။ ပထမဦးစွာထာဝရဘုရားအားချစ်ခြင်း၊ ဒုတိယကိုယ်နှင့်စပ််ဆိုင်သောသူတို့အားချစ်ခြင်းဖြစ်ပါတယ်။… Read More »အကောင်းဆုံးသော အကြွေး