Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

ယေရှုနဲ့ ခရစ်တော် မတူဘူးတဲ့လား

စင်စစ် “သခင်ယေရှုသည် ခရစ်တော်လား”ဟူသည် ခရစ်ယာန်တို့အကြား အငြင်းပွားစရာ ဖြစ်ရမည့်အရာ သို့မဟုတ် မေးခွန်လုပ်ပြီး မေးနေရမည့်အရာတခုပင် မဟုတ်ပေ။  ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ဟောပြောသော တခုတည်းသောဘာသာတရားသည် ခရစ်ယာန်ဘာသာတရားပင်ဖြစ်သည်။ သို့နှင့် မိမိကိုယ်ကို ခရစ်ယာန်ဟု သမုတ်နေကြသူအချို့သည် ဘာကြောင့်များ ယေရှုသည် ခရစ်တော် ဟုတ်မဟုတ် ဇဝေဇဝါဖြစ်နေကြပါသနည်း။ ဘာကြောင့်များ ယေရှုနှင့် ခရစ်တော် မတူဟု သွန်သင်နေကြပါသနည်း။ စာရေးသူကတော့… Read More »ယေရှုနဲ့ ခရစ်တော် မတူဘူးတဲ့လား

“ဘုရားသခင် ကျွန်တော့်ကို မချစ်ဘူး”

သမီးလေးကို အိပ်ဖို့ပြောတယ် (ဒီအရွယ်က အိပ်ရမယ့်အရွယ်၊ အိပ်သင့်တဲ့အချိန်)… မအိပ်ဘူးဆိုပြီး ဟိုပြေးဒီပြေးလုပ်နေတော့ လှမ်းပြောလိုက်တယ် .. “အိပ်လို့ … ပါးပါး ကောင်းကောင်းပြောနေတယ် ..”  သူ နားမထောင်ဘူး၊ ဂရုမစိုက်ဘူး။ ကျွန်တော် လေသံကို မြှင့်လိုက်တယ်၊ စကားလုံးတွေက တိုလာတယ် …”အိပ်တော့လို့ ပြောနေတယ်” ဒါနဲ့ ကုတင်ပေါ် သူ ပြေးတက်လာတယ် … ကျွန်တော်လည်း… Read More »“ဘုရားသခင် ကျွန်တော့်ကို မချစ်ဘူး”

ချစ်သော လူငယ်သို့ – အပိုင်း(၉)

၂၁ရာစုမှာ ကလေး၊ လူငယ်၊ လူကြီးများအကြား ရေပန်းစားနေရာယူလာတာကတော့ ရသမျိုးစုံ၊ ပုံစံမျိုးစုံပေးတဲ့ ဗွီဒီယိုဂိမ်း တွေပဲဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းကနေစတင်ပြီး နည်းပညာမြင့်မား၊ အဆင့်မြင့်မားတဲ့ ဗွီဒီယိုဂိမ်းတွေကလည်း ဒုနဲ့ဒေးအပြိုင်အဆိုင်ပေါ်ထွက်လာခဲ့ကြတာ ယနေ့ထိပါပဲ။ ဒီကနေ့ ခရစ်ယာန်အသိုင်းအဝိုင်း လူငယ်များကြားထဲမှာလည်း ဂိမ်းကစားခြင်းက နေရာယူလွှမ်းမိုးမှုရှိနေပါတယ်။ဒီလိုပြောလို့ ဂိမ်းကစားခြင်းက အပြစ် လို့ဆိုနေခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် ဂိမ်းကို အတိုင်းထက်လွန်စွဲလမ်းခြင်းက အပြစ်ရဲ့သွေးဆောင်ရာများသို့… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၉)

ချစ်သော လူငယ်သို့ – အပိုင်း(၈)

“ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။”ရှင်မဿဲခရစ်ဝင် ၁၆း၂၄“Then Jesus said to His disciples, “If anyone wants to come with Me, he must deny himself, take up his… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၈)

ချစ်သော လူငယ်သို့ – အပိုင်း (၇)

ဆယ်ကျော်သက်လူငယ်ဘဝမှာ ရည်းစားထားခြင်းဆိုတာ ထူးဆန်းတဲ့အရာတခုတော့မဟုတ်ပါဘူး။ လူငယ်သဘာဝ ဆန့်ကျင်ဖက်လိင်အပေါ် စိတ်ဝင်စား ရင်ခုန်ခြင်းက ဖြစ်ရိိုးဖြစ်စဥ်ပါပဲ။ သို့သော်လည်း ခေတ်ရဲ့ဆိုးယုတ်ခြင်းနဲ့အတူ ဖြစ်ရိုးဖြစ်စဥ်မဟုတ်တဲ့ သမီးရည်းစားထားခြင်းတွေဟာ လူမှုအသိုင်းအဝိုင်းမှာ နေရာယူလာနေပါတယ်။“မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။”ရှင်ယာကုပ်ဩဝါဒစာ ၄း၄ ယနေ့ ခရစ်ယာန်လူငယ်တွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ရည်စားထားခြင်းအရာကို အပျော်သဘောအနေနဲ့ ခုံမင်လာကြပါတယ်။… Read More »ချစ်သော လူငယ်သို့ – အပိုင်း (၇)

အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်

သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်သောကြောင့် သင်းအုပ်ဟာ ရှေ့ဦးစွာ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ရမယ် လို့ တမန်တော်ကြီးရှင်ပေါလုက တိမောသေကို သတိပေးခဲ့ပါတယ်။ သင်းအုပ် (overseer) လို့ဆိုတဲ့အခါOverseer – (Webster’s 1828 Dictionary)OVERSEE’R, n.1. One who overlooks; a superintendent; a supervisor.2. An… Read More »အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်

ချစ်သော လူငယ်သို့ – အပိုင်း(၆)

“ကျွန်တော့်မှာ ဘာဆုကျေးဇူးမှမရှိဘူးထင်တယ်”“ကျွန်မကတော့ ဆုကျေးဇူးမခံစားရဘူးထင်တယ်”ဆိုပြီး လူငယ်တွေရဲ့ ဆုကျေးဇူးနဲ့ပက်သက်လို့ ပြောလာတဲ့စကားတွေကြားဖူးပါတယ်။ဝိညာဥ်ဆုကျေးဇူး (spiritual gifts) မရှိတာ၊ မခံစားရတာထက်၊ ဆုကျေးဇူးဟာ ဘာအတွက်ဖြစ်တယ် ဆိုတာကို မသိခြင်းက ပိုမှန်ပါလိမ့်မယ်။ တချို့ဆို မွေးရာပါစွမ်းရည်တွေကို ဝိညာဥ်ဆုကျေးဇူးနဲ့အမှတ်မှားတတ်ကြပါသေးတယ်။မိဘက ခရစ်ယာန်ဖြစ်လို့ ခရစ်ယာန်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာသောကြောင့် အသင်းတော်မှာ musicနဲ့ပက်သက်တာတွေ၊ တူရိယာတွေ၊ အသံကိုကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတီးမှုတ်နိုင်ခြင်းတွေက ဆုကျေးဇူးလို့ ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။နောက်ပြီး လောကီပညာရပ်တွေမှာကျွမ်းကျင်သူအသင်းသူ အသင်းသားတွေကို(ဥပဒေပညာ၊… Read More »ချစ်သော လူငယ်သို့ – အပိုင်း(၆)

ချစ်သောလူငယ်သို့ – အပိုင်း(၂)

ခရစ်ယာန်လူငယ်လေးတယောက်က မေးလာပါတယ် “ကျွန်တော် တက်တူးထိုးလို့ရလား”တဲ့။ဒါနဲ့ “ဘာလို့ထိုးချင်တာလဲလို့မေးတော့”၊ “မေးကြည့်တာပါ”လို့ပြန်ဖြေတယ်။နောက်ရက်တွေလည်း တွေ့တိုင်း ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါ မေးပြန်ပါတယ်။ “သေ​သော​သူ​အ​တွက် ကိုယ်​အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ သံ​ပူ​မ​ထိုး​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။”ဝတ်ပြုရာကျမ်း ၁၉း၂၈“You shall not make any cuts on your body for the dead or tattoo yourselves:… Read More »ချစ်သောလူငယ်သို့ – အပိုင်း(၂)

ချစ်သောလူငယ်သို့ – အပိုင်း (၁)

ယနေ့ယုံကြည်သူများဟာ လောကရဲ့entertainment တွေမှာကျေးကျွန်တွေဖြစ်လာနေကြပါတယ်။ထိုအထဲမှာ အထူးသဖြင့်တော့လူငယ်များစွာ ရှိနေပါတယ်။ လူငယ်လေးတစ်ယောက်ကပြောလာပါတယ် “ဆုမတောင်းဖြစ်တာကြာပြီဗျာ.. ဘာဆုတောင်းရမှန်းတောင်မသိတော့ဘူး” လို့ဆိုလာပါတယ်။သူ့ကို ဆွေးနွေးတိုက်တွန်းပေးပြန်တော့၊ ဘာပြောပြန်ပြောသလဲဆိုရင် “သိတယ်၊ အချိန်မပေးနိုင်တာ၊ ကိုယ့်ကိုကိုယ်ထိန်းတယ်” စသည်ဖြင့်ပြောကာ ဘုရားဝတ်၌မွေ့လျော်ခြင်းအလို့ငှါ အားထုတ်ကြိုးစားခြင်းမရှိဘဲ ဘုရားနှင့်မှန်ကန်သောအသက်တာမျိုးဖြစ်နေရှာသည်။ ယနေ့ခေတ်က entertainment အလွန်များတဲ့ခေတ်ပါ။ Entertainment များစွာကလည်း ကိုယ့်ကို entertainer ဖြစ်လာအောင်ဆွဲဆောင်လွန်းလှပါတယ်။အခုဆို ဘလော့ဂါတွေ၊ ဗလော့ဂါတွေကို အားကျပြီးလုပ်တဲ့သူတွေ၊ ဝါသနာအရနာမည်ကြီးသီချင်းတွေ… Read More »ချစ်သောလူငယ်သို့ – အပိုင်း (၁)