Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

FLEE AND PURSUE

“For the love of money is the root of all evil” ငွေတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့၏ မူလအမြစ်ဟုဆိုသည်ကို တိမောသေဩဝါဒစာတွင် တွေ့ရသည်။ ထို့အပြင် ငွေအား လွန်ကျူးစွာတပ်မက်ခြင်းသည် ယုံကြည်ခြင်းလမ်းမှပင် လွဲသွားစေတတ်သည်ကိုလည်း သတိထားဖို့ရန် မှာကြားထားပေသည်။ ဤကမ္ဘာလောကကြီးထဲတွင်ရှိသော ကျွန်ုပ်တို့သည် ငွေကြေးလိုအပ်သည်မှာ မှန်ပါသည် သို့သော် ထိုငွေကိုသာ မြင်တတ်ခြင်း၊… Read More »FLEE AND PURSUE

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၅)

“အမှုတော်ဘယ်မှာဆောင်နေသလဲ”လို့မေးရင် မကွယ်မဝှက်ဘဲ မလိမ်မညာတမ်းသာဖြေကြေးဆို “ဟုတ်ကဲ့ ဖေ့စ်ဘုတ် ပေါ်မှာပါ” လို့ပြောထွက်လာမယ့်သူများမယ်လို့ထင်ပါတယ်။ ဒီကနေ့အမှုတော်ဆောင် တော်တော်များများက အမှုတော်ကို ပေါ့ပျက်ပျက်နဲ့ ကလေးကစားတဲ့ အရာလိုသဘောထား သတ်မှတ်ထားကြသလိုပါပဲ။ ဒီတော့ အမှုတော်ဆောင်တယောက်အနေနဲ့ရှိသင့်တဲ့ အရည်အချင်း၊ ထားရှိအပ်တဲ့သဘောထား၊ ပြုအပ် မပြုအပ်သောအရာများကိုဦးစွာပြင်ဆင်ခြင်းမရှိဘဲ ဖုန်းတလုံးနှင့်အင်တာနက်ရှိသည်နှင့်အမှုတော်ဆောင်လို့ရနေသည့်ပုံစံမျိုးဖြစ်လာနေပါတော့တယ်။ အင်တာနက်ပေါ်မှာ အာမင်ထူးသည့်ပရိသတ်ရှိသည်နှင့် အသင်းတော်မလိုဘဲ၊ မရှိဘဲ ဆရာကြီးတပါးလိုမျိုးအမှုတော်ဆောင်လာနေကြသည်က အန္တရာယ်ရှိသည် မဟုတ်ပေဘူးလား။ “အင်တာနက်ပေါ်မှာ အမှုတော်ဆောင်လို့မရဘူးလား”ဆိုတဲ့မေးခွန်းကိုဖြေရရင်… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၅)

သူတောင်းစားလို မကြည့်နဲ့

တမန်တော်ဝတ္ထု အခန်းကြီး ၃ တွင် လူတစ်ဦးအကြောင်းကို တွေ့ရပေသည်။ ထိုသူသည် ခြေမစွမ်းသောသူဖြစ်သည်။ “အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူ” ဟုလည်း မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။ လမ်းမလျှောက်နိုင်သောကြောင့် သူတပါး၏ ထမ်းခေါ်လာပေးခြင်းအားဖြင့် သွားလာရသူလည်းဖြစ်သည်။ ထိုသို့နှင့် တင့်တယ်အမည်ရှိသော တံခါးနားသည် သူ၏ဘိ သူ၏နေရာ ဟုပင်ဆိုပေအံ့ … ထိုနေရာအား အပီအပြင်တပ်ဆွဲထားခြင်းမှာ တောင်းစားရန်ပင်ဖြစ်သည်။ ဗိမာန်တော်သို့ လာသမျှသောသူတို့ထံမှ တောင်းစားရန်မှာ သူ၏… Read More »သူတောင်းစားလို မကြည့်နဲ့

ထိုနည်းတူ ပြုလော့

ရှင်လုကာခရစ်ဝင် အခန်းကြီး (၁၀) ထဲတွင် တွေ့ရသော ရှမာရိမဟုတ်သော သူနှစ်ဦးသည် နယ်နယ်ရရတော့ မဟုတ်ပါ၊ ခေတ်စကားအရဆိုရလျှင် အချဥ်မဟုတ်သူများပင် … ပထမတစ်ဦးသည် ယဇ်ပုရောဟိတ် “Priest” ဖြစ်သည်။ ထိုခေတ်ကာလအချိန်သည် ယဇ်ပုရောဟိတ်သာလျှင် မီးရှို့ရာယဇ်၊ ဘောဇဥ်ပူဇော်သက္ကာ စသဖြင့် ပူဇော်သက္ကာလုပ်ပေးနိုင်သူဖြစ်သည်။ ထို့ကြောင့် သူ၏ အရေးပါပုံသည် ပေါ့သေးသေးတော့ မဟုတ်ချေ … ဒုတိယတစ်ဦးမှာ လေဝိ… Read More »ထိုနည်းတူ ပြုလော့

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၄)

အမှုတော်ဆောင်များအတွက် အမှုတော်ထဲမှာ အစေခံနေခြင်းကလွဲ၍ ကျန်သည့်အရာများကို အမှုတော်နှင့်မဆိုင်ဟု သတ်မှတ်၍ မရချေ။ ထိုအထဲမှာမှ ထာဝရဘုရားဆုချ၍ပေးသနားတော်မူသော အမွေဥစ္စာတည်းဟူသော သားသမီးရတနာများကိုပြုစုပျိုးထောင်ရခြင်းသည်လည်း အိမ်ထောင်မိသားစုရှိသော အမှုတော်ဆောင်တို့အဖို့အရေးကြီးသော အခန်းကဏ္ဠတရပ်အဖြစ်ရှိနေဆဲပါပဲ။ ဤအမှုအရာ၌ သားသမီးရှိသောအမှုတော်ဆောင်တို့အနေဖြင့် ပေါ့ဆ၍ မသင့်ဘဲ၊ တန်ဖိုးထားအလေးပေးပြုစုသင့်ပေသည်။ ဘယ်ကလေးကိုမျှ မွေးဖွားလာသည်နှင့်လိမ္မာရေးခြားရှိမည့်ကလေး၊ ကြီးလာရင်မိဘတွေကိုလုပ်ကျွေးမည့်ကလေး လို့ အတပ်မဆိုနိုင်ပါဘူး။ ငယ်စဉ်မှာလိမ္မာယဉ်ကျေးပြီး ကြီးပြင်းလာသည့်အခါ ဆိုးမိုက်ပေတေသည့်အသက်တာကို ဖြတ်သန်းနေသည့်သားသမီးတွေကို ရင်မောစွာနဲ့ချစ်နေရတဲ့ မိဘတွေများစွာရှိနေတယ်ဆိုတာ… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၄)

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၃)

အမှုတော်ဆောင်တဲ့သူတိုင်းဟာ တရားဒေသနာဝေငှဟောပြောခြင်းကို ရှောင်လွှဲလို့မရပါဘူး။ ကိုယ်တိုင်က ဧဝံဂေလိတရားကိုကြားခဲ့ပြီးနောက်၊ ထိုတရားကိုဆက်လက်ကြားပြောကာ၊ သက်ဆိုင်သူ ယုံကြည်သူများအားလည်း ထိုတရားတော်ကိုအမှီပြုလျက် တိုက်တွန်းခြင်း၊ ခွန်အားပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ တည်ဆောက်ပေးခြင်းအမှုရာတွေ၌ ဆက်လက်ပြီးမွှေ့လျော် ဝန်တာထားလုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှုတော်ဆောင်တွေအနေဖြင့် နှုတ်ကပတ်တော်ဟောပြောခြင်းအတွက် အမြဲအသင့်ဖြစ်နေသင့်ပါတယ်။ ဘာဒေသနာဟောပြောမလဲ ဘာဒေသနာကိုဟောပြောမလဲ ဆိုရင် သခင်ဘုရားရဲ့ဒေသနာကိုသာ ဟောပြောရမှာပါ။ ဘာကြောင့်ဒီလိုဆိုရသလဲဆိုရင် သမ္မာကျမ်းစာထဲမှာ ကျွန်ပ်တို့သိသင့်သည့်အရာများရှိသလို၊ အဓိကထားလိုက်လျှောက်သင့်သည့်အရာများလည်းရှိလို့ပါပဲ။ မျက်မှောက်ကာလမှာ သတိထားမိသည့်အရာကတော့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၃)

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၂)

“သာသနာပြုအမှုတော်ဆောင်ရတာ အဆင်ပြေရဲ့လား”လို့ မေးခွန်းမျိုးထက် “ဘုရားအလုပ်လုပ်တဲ့သူကို ဘုရားကကျွေးမှာပေါ့” လို့ပြန်ပြီးအပြောခံရတာက ပိုများပါတယ်။ ကြုံခဲ့ဖူးတဲ့ယုံကြည်သူအတော်များများကတော့ အဲ့လိုမျိုးအားပေးကြပေမယ့် ကိုယ်တိုင်က အုပ်တချပ်သဲတပွင့်အနေနဲ့တောင်မှ ပါဝင်ဖို့စိတ်မဝင်စားကြပါဘူး။ ဒီကနေ့ အသင်းတော်တွေမှာ အသင်းသားအတော်များများက ဘုရားကျောင်းကို အပတ်တိုင်းမှန်မှန်လာပြီး၊ ပုံမှန်အလှူငွေထည့်ကာ ဘယ်သူကတရားဟောသွားတယ်၊ သီချင်းဆိုသွားတယ် ဆိုတာမျိုးကိုတော့ပိုသတိထားမိပေမယ့်၊ အသင်းတော်မှာ ယုံကြည်ပြောင်းလဲလာတဲ့လူသစ်တွေတိုးလာတာမျိုးကိုတော့ စိတ်ထဲသိပ်မရှိကြချေ။ များသောအားဖြင့်တော့ အသင်းတော်ရဲ့အသင်းဝင်မိသားစုတွေထဲကနေ နှစ်ခြင်းခံကြတာကိုလောက်သာ သတိပြုမိတတ်ကြတာပါ။ ဖြစ်ပုံက တနင်္ဂနွေဘုရားကျောင်းစင်ပေါ်မှာရှိနေတဲ့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၂)

ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၁)

အခုဘာလုပ်နေလဲလို့ တစုံတယောက်ကမေးလာတဲ့အခါမှာ “အမှုတော်ဆောင်”ပါလို့ပြန်ဖြေရတဲ့အခိုက် အမှုတော်ဆောင်နေသူတိုင်းကြုံဖူးကြမှာပါ။ တချို့လည်းမေးတဲ့သူအပေါ်မူတည်ပြီး ဖြေရတာဝမ်းသာတဲ့သူရှိသလို၊ သိမ်ငယ်တဲ့သူလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ သခင်ဘုရား၏ကြီးမြတ်တော်မူ၍ထာဝရနှင့်ဆိုင်သော အမှုတော်ကိုဆက်ကပ်အစေခံနေရသည့်အခွင့်ထူးအတွက် အားငယ်နေစရာအကြောင်း စိုးစဉ်းမျှမရှိပါ။ နောင်တရစရာအကြောင်းလည်းမရှိပါ။ သို့သော် သတိပြုရမည့်အရာတခုက အမှုတော်ကိုဆောင်သည့်အခါဝယ် ဘာကြောင့်ဆောင်သလဲဆိုသည့် နှလုံးသားကိုစစ်ဆေးဖို့လိုပါတယ်။ ဘာလို့ဒီလိုပြောရလဲဆိုရင် အမှုတော်ထဲမှာအမှုဆောင်နေတဲ့သူတွေအများကြီးရှိနေပေမယ့် အမှုတော်ကိုယေရှုခရစ်တော်ကဲ့သို့၊ ယေရှုခရစ်တော်၏နှလုံးသားဖြင့်ဆောင်သောသူတွေ အင်မတန်နည်းလာလို့ပါပဲ။ အမှုတော်ဆောင်ကြတဲ့အခါမှာ “အစေခံခြင်း”ထက် “အကဲအမှုး”(ဆရာကြီး)လုပ်ချင်တဲ့သူက ပိုများလာပါတယ်။ ပိုဆိုးတာက နာမတော်အားဖြင့် ဇိမ်ခံချင်တဲ့… Read More »ချစ်သောအမှုတော်ဆောင်သို့ – အပိုင်း(၁)

ထပ်တူ

“ကိုယ်ချင်းစာတယ်” ဆိုတဲ့စကားလုံးကို လူတိုင်း သုံးတတ်ကြပါတယ်။ ငါမင်းနဲ့ထပ်တူထပ်မျှ ခံစားရပါတယ်၊ ငါကိုယ်ချင်းစာပါတယ်၊ စသဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။ ဒီလိုပဲ မင်း ကိုယ်ချင်းမစာမနာ မ​ပြောပါနဲ့၊ လူ​တွေက ကိုယ်ချင်းမစာကြဘူး စသဖြင့်ကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ ကျွန်​တော်တို့ ကိုယ်တိုင်သည်လည်း သူတပါး၏ ကိုယ်ချင်းစာ​ပေးခြင်း၊ ဝင်​ရောက်ခံစား​ပေးခြင်း​တွေကို ​တောင့်တတတ်ကြတယ်၊ တကယ်လည်း လိုအပ်တယ်။ ဒါ​ပေမယ့် လူ​တွေက ဘယ်​လောက်နားလည်တယ်​ပြော​နေပါ​စေ၊ ဘယ်​လောက်… Read More »ထပ်တူ