Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

နာမည်မပါသော စေတနာ

ကျမ်းစာထဲက ကောင်းသောရှမာရိဆိုတဲ့ သခင်ပြောပြတဲ့ ပုံဥပမာလေးကို စန်းဒေးစကူး (Sunday School) ကနေစလို့ အရွယ်ရောက်လို့အသင်းတော်ဝတ်ပြုခြင်းတွေမှာ ခုထိဟောပြောသာဓကပေး​နေဆဲပါပဲ။ “ယေရှုက၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့် တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။-ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။-ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊… Read More »နာမည်မပါသော စေတနာ

ပြောင်းလဲပေးသော တရား

အရပ်ပုပုငယ်ငယ်လေးယေရှုကိုရှာတဲ့ ဇက္ခဲအသက်တာပြောင်းလဲသွားပါတယ်သို့ပေမယ့် သူဟာအခွန်ခံခေါင်းအဖြစ်တာဝန်ထမ်းဆဲပါဒါပေမယ့်အရင်ကလိုအခွန်ခံခေါင်းမဟုတ်တော့ပါ “ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို… Read More »ပြောင်းလဲပေးသော တရား

ဘုရားပေးသော ဆုကျေးဇူးသည် ဝါကြွား၊ ထောင်လွှားဖို့ရန် မဟုတ်

ယခုဆောင်းပါးသည် ဧဖက် ၄း၇-၁၃ လေ့လာခြင်း အနှစ်ချုပ်ဖြစ်ပါတယ်။ အခန်းငယ် ၇ မှာ ဘာပြောထားသလဲဆိုရင် ..ယုံကြည်သူတိုင်းမှာ ဘုရားသခင်ပေးထားတဲ့ ဆုကျေးဇူးကိုယ်စီရှိပါတယ်။သားတော်ယေရှုရှင်ဟာ ဆုကျေးဇူးကို ပေးသူဖြစ်ပါတယ်။ သူပေးတဲ့အတိုင်းသာ ကျွန်ုပ်တို့ဟာ ဆုကျေးဇူးကို အသီးသီးရရှိကြတာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆု‌တောင်းပေးလို့ ရတာမျိုးဆိုတာက ကျမ်းစာရဲ့ သွန်သင်ချက်နဲ့ မကိုက်ညီပါဘူး။ နောက်ပြီး ဆုကျေးဇူး ရဲ့ မူရင်းအဓိပ္ပာယ်က “ကျေးဇူးတော်”… Read More »ဘုရားပေးသော ဆုကျေးဇူးသည် ဝါကြွား၊ ထောင်လွှားဖို့ရန် မဟုတ်

အပြာ၊ အာသာ၊ တဏှာနှင့် ခရစ်ယာန်အသက်တာ

အတိတ်တုန်းက ညစ်ညမ်း(အပြာ)ပုံတွေ၊ ရုပ်ရှင်တွေကို စွဲလမ်းခဲ့သူ တစ်ယောက်အနေနဲ့ ထိုအရာတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာပြောပြနိုင်ပါတယ်။သင့်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို သေစေတယ်။ကင်ဆာရောဂါလိုပဲ တဖြည်းဖြည်း လိုက်စားပြီး သေစေတာ။တဏှာစိတ်တွေ ပြင်းပြပြီး၊ ဆန္ဒဖြေဖျောက်နည်းတွေနဲ့ပဲ လောင်မြိုက်နေခဲ့တယ်။ဒီကိစ္စက မယုံကြည်သူတွေမှ မဟုတ်ပါဘူး။ယုံကြည်သူခရစ်ယာန်များလည်း ကျွန်ုပ်တို့ရဲ့ အသက်တာ စိတ်နှလုံးကို ထိခိုက်စေတဲ့ ဒီရောဂါဆိုးကြီးကနေ လွတ်မြောက်ဖို့လိုအပ်ပါတယ်။ဒိိအရာကြီးဟာ ကျွန်ုပ်တို့အတွက် ကြီးမားတဲ့ချည်နှောင်မှုကြီးပါ။လွတ်မြောက်စေနိုင်တာလည်း သခင်ယေရှု တပါးတည်းသာ။ဒါကြောင့် သခင့်ကိုသာ၍စွဲလမ်းပါ။… Read More »အပြာ၊ အာသာ၊ တဏှာနှင့် ခရစ်ယာန်အသက်တာ

ခရစ်ယာန်တို့ မကျူးလွန်သင့်သော God-of-the-gaps fallacy

နိဒါန်း God-of-the-gaps fallacy ဆိုသည်မှာ ယုတ္တိဗေဒဆိုင်ရာ ယုတ္တိအမှား တခုဖြစ်ပြီး သိပ္ပံဆိုင်ရာ ဒဿနိကပညာရပ် (The philosophy of Science)တွင် သုံးသော အသုံးအနှုန်းတခုဖြစ်ပေသည်။ မြန်မာဘာသာဖြင့် အနီးစပ်ဆုံး အတိုချုံးဘာသာပြန်ရလျှင် “မသိနားမလည်သေးသောအရာများအတွက် ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးအား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား” ဟု ပြန်ဆိုရမည်ဟု ထင်ပါသည်။ God-of-the-gaps-fallacy နှင့်ပတ်သက်၍ ယခုထက်… Read More »ခရစ်ယာန်တို့ မကျူးလွန်သင့်သော God-of-the-gaps fallacy

ကြားပြီးလျင် နာယူပါ

COVID-19 မြန်မာပြည်ကိုစတင်ဝင်ရောက်လာချိန်မှာ အသင်းတော် အားလုံးနီးပါးဟာ ဘုရားကျောင်းအဆောက်အဦးထဲ အတူတကွ ဝတ်ပြုကိုးကွယ်ရခြင်းအမှုမှာရပ်တန့်သွားခဲ့ပါတယ်။ဒါဟာ အခုချိန်ထိပါပဲ။ဒီလိုဖြစ်လာတော့ အားလုံးသိတဲ့အတိုင်းပဲ အင်တာနက် အွန်လိုင်း ကနေ ဝတ်ပြုခြင်း အစီအစဉ်တွေ အသက်ဝင်လာကြပါတော့တယ်။ တချို့ကြတော့ နည်းပညာနဲ့ပတ်သက်လို့ အတွေ့အကြုံ၊ အခက်အခဲရှိကြတော့ ချက်ခြင်းအကောင်အထည်မဖော်နိုင်ခဲ့ကြပါ။မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိယုံကြည်သူတွေဟာ အွန်လိုင်းအခြေပြုကိုးကွယ်ခြင်းကို ယနေ့ထိအသုံးပြုနေရကြတုန်းပါပဲ။ ~ ကိုးကွယ်ခြင်းမှာ ကိုဗစ်ဟာ ပြဿနာလား? ~ ကိုဗစ်ဟာ တကမ္ဘာလုံးအတိုင်းအတာပြဿနာပါ။သို့သော်ကိုးကွယ်ခြင်းမှာတော့… Read More »ကြားပြီးလျင် နာယူပါ

သခင့် သာသနာ

သာသနာတော့ လုပ်ချင်ကြတယ်ဒါပေမယ့်သာသနာ တိုးပွားဖို့တော့ စိတ်မဝင်စားကြဘူးဘာကြောင့်လဲဆိုတော့သာသနာပြုဖို့ စလိုက်ကတည်းက ကိုယ်အကျိုးစီးပွား တိုးပွားဖို့အတွက်ပဲဖြစ်နေတာကိုး။ မှတ်မိပါသေးတယ်အင်ဂျင်နီယာကျောင်း(အင်ဂျင်နီယာတော့မဖြစ်ခဲ့)တက်ခဲ့တုန်းက မယုံကြည်သူ လျှပ်စစ်အင်ဂျင်နီယာ ဦးလေးကြီးတယောက်က “ဟရောင် .. မင်း တရားပဲ ဟောပါလား ဒါ(လက်ကနေပိုက်ဆံပုံလုပ်ပြလျက်)ခိုင်တယ်နော်။” စိတ်ထဲမှာတော်တော်လေး လေးလံသွားခဲ့ပါတယ်။သာသနာဟာ သူ့အမြင်မှာ ဝင်ငွေသာတဲ့အရာတခုထက်မပိုဖြစ်နေပါလား။ဆိုတော့ကာ ဒီစက္ကန့်ပိုင်းအတွင်းပြောဖြစ်ခဲ့တဲ့စကားလေးတွေဟာ ထာဝရနဲ့ဆိုင်တဲ့အရာကို အကြီးအကျယ် မီးမောင်းထိုးပြနေလေရဲ့။ဘာမှားနေတာလဲ။ သာသနာက လွဲချော်နေတာလား။မဟုတ်ပါ။အသက်တာနဲ့ ဒေသနာဟာ လွဲချော်နေကြတာပါ။သခင်ဘုရားရဲ့ဒေသနာဟာ လွဲချော်မှုမရှိပါဘူး။… Read More »သခင့် သာသနာ

ပန်းတိုင်

ပန်းတိုင်က ကောင်းကင်ထိလေ …ဘယ်လိုလုပ်ပြီး လောက က ခဏတာအောင်မြင်မှုတွေနဲ့တင် အလိမ်ခံနေရတာတုန်း။ လောကမှာ ခဏကျရှုံးမှုတွေနဲ့တင် ဘာကြောင့် လက်မြောက်ရမှာတုန်း။ (လောကကြီးကိုယ်၌က ခဏတာ ယာယီနော်) ဒီကမ္ဘာမှာ ဘာဖြစ်သလဲ။ဒီကမ္ဘာမှာ ဝင်ငွေဘယ်လောက်ရလဲ။ဒီကမ္ဘာမှာ ပညာဘယ်လောက်တတ်သလဲ။ဒီကမ္ဘာမှာ ဘယ်လို အောင်မြင်နေသလဲ။ဒီကမ္ဘာမှာ ဘယ်လောက် နာမည်ကြီးနေသလဲ။ သို့မဟုတ် ဒီကမ္ဘာမှာ ဆင်းရဲရလို့ … ဒီကမ္ဘာမှာ ညှဉ်းဆဲခံရလို့ …ဒီကမ္ဘာမှာ အသတ်ခံရလို့ …ဒီကမ္ဘာမှာ… Read More »ပန်းတိုင်

စီရင်ခြင်းခံ လည်ပင်းခိုင်မာသော ဘုရင် (ဖာရော)

“သို့​ဖြစ်၍ ရှင်​ဘု​ရင်​တို့၊ ပ​ညာ​သ​တိ​ရှိ​ကြ​လော့။ လော​ကီ​မင်း​တို့၊ ဆုံး​မ​ခြင်း​ကို ခံ​ကြ​လော့။ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။ သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။”ဆာလံကျမ်း ၂:၁၀-၁၂ ရာစုနှစ်ပေါင်းများစွာတလျှောက်မှာ လူသားတွေဟာ ဘုရားသခင်အားအာခံဖီဆန်ခြင်းကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ လက်ရှိအသက်ရှင်နေတဲ့ကာလအချိန်ထိ ရက်စက်ကြမ်းကြုတ်၊ ထောင်လွှားတဲ့ခေါင်းဆောင်တွေအကြောင်း… Read More »စီရင်ခြင်းခံ လည်ပင်းခိုင်မာသော ဘုရင် (ဖာရော)