Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

မိမိ၏ ဆုတောင်းချက်များအား ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၁)

လူတော်တော်များများဟာ “ဘုရား” က မိမိဆုတောင်းတာကို နားညောင်းအောင်၊ ဘုရားဆီကနေ အဖြေရအောင် ဘယ်လိုနေ၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လို ကြွေးကြော်ရမယ်၊ ဘယ်လိုစိတ်ထားရမယ်၊ ဘယ်လိုမျှော်လင့်ရမယ် စတဲ့ သင်ကြားမှုတွေ၊ ကျင့်ဆောင်မှုတွေ၊ လိုက်နာရမယ့် “အဆင့်” တွေ စသဖြင့် များစွာရှိသလို အဲလိုမျိုး ဘုရားဆီကနေ မိမိလိုချင်တာရဖို့ ဖြစ်နိုင်မယ်ထင်တဲ့ နည်းလမ်းတွေကို ပုံသေနည်းလို ပြုစုပြီး သင်ပေးနေကြတာတွေ အများကြီးရှိပါတယ်။… Read More »မိမိ၏ ဆုတောင်းချက်များအား ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၁)

ဘာသာတရားအားလုံးမှန်ပါသလား၊ အတူတူပဲလား

ကမ္ဘာပေါ်ရှိ ဘာသာတရားအားလုံး ကောင်းကြပါသည်။ မွန်မြတ်ပါသည်။ ဘာသာတရားတစ်ခုခုသည် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူမှုအသိုက်အဝန်းတစ်ခုကို အခြေခံလူမှုကျင့်ဝတ်များနှင့် ပတ်သက်၍ ကောင်းမွန်သည့်အရာများ(ဆောင်ရန်၊ ရှောင်ရန်)ကို သွန်သင်ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်နိုင်ခြင်းနှင့် လူသားတို့၏ အကျင့်စာရိတ္တပိုင်းဆိုင်များကို အကျိုးဖြစ်ထွန်းစေနိုင်ခြင်းစသည့် အရာများကို ပေးစွမ်းနိုင်ရပါသည်။ လူသားတို့အား အကျိုးမပြုသော ဘာသာတရားများနှင့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဘာသာတရားများသည် ကမ္ဘာပေါ်တွင် တိမ်ကောပျောက်ကွယ်သွားကြပြီဖြစ်သည်။ ထို့အပြင် လူ့သမိုင်း စတင်သည့်အချိန်ကပင် ထာဝရဘုရားကိုးကွယ်မှုများနှင့်… Read More »ဘာသာတရားအားလုံးမှန်ပါသလား၊ အတူတူပဲလား

ဘဝမှာနာကျင်မှုဝေဒနာခံစားရခြင်းက ဘုရားသခင် မရှိခြင်းကြောင့်လား

ဆာလံကျမ်း ၂၂ : ၁ – ၂ ” အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။ အကျွန်ုပ်ဘုရား၊ နေ့အခါအကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညဉ့်အခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။ “ ချစ်ခြင်းမေတ္တာတော်ရှင်၊ ကရုဏာရှင်၊… Read More »ဘဝမှာနာကျင်မှုဝေဒနာခံစားရခြင်းက ဘုရားသခင် မရှိခြင်းကြောင့်လား

ဘုရားမဲ့တစ်ယောက်ဖြစ်ရန် အကြောင်းပြချက်ကောင်း လုံးလုံးမျှမရှိ

ဆာလံကျမ်း ၁၄ : ၁   ” ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ။ “ “စကြဝဠာကြီးရဲ့ နောက်ကွယ်မှာ ဘာအသိဉာဏ်မှ (ဉာဏ်တော်ရှင်) မရှိဘူးလို့ ယူဆကြည့်ပါ။ အဲ့လိုအခြေအနေမျိုးမှာဆိုရင် ကျွန်တော့်ဦးနှောက်ကို စဉ်းစားတွေးခေါ်ဖို့ဆိုတဲ့ရည်ရွယ်ချက် အတွက်ဆိုပြီး ဘယ်သူကမှ… Read More »ဘုရားမဲ့တစ်ယောက်ဖြစ်ရန် အကြောင်းပြချက်ကောင်း လုံးလုံးမျှမရှိ

ယုံကြည်ခြင်း

ပါမောက္ခ : သား…. မင်းက ခရစ်ယာန်တစ်ယောက် ဟုတ်တယ်မဟုတ်လား? ကျောင်းသား : ဟုတ်ပါတယ် ဆရာ။ ပါမောက္ခ : ဒါဆိုမင်း “ဘုရား” ဆိုတာကိုယုံတာပေါ့။ ကျောင်းသား : သေချာယုံပါတယ်ဆရာ။ ပါမောက္ခ : ဘုရားကကောင်းသလားကွ? ကျောင်းသား : သေချာတာပေါ့ဆရာ၊ ဘုရားကသိပ်ကောင်းပါတယ် ဆရာ။ ပါမောက္ခ : ဘုရားက အရာအားလုံးကိုတတ်စွမ်းနိုင်သလား?… Read More »ယုံကြည်ခြင်း

ဘုရားသခင် မည်သူနည်း။

သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း။ “ဘုရားသခင်(God) ဆိုတာကို ဘယ်လိုပုံသဏ္ဍာန်လို့နားလည်ထားပါသလဲ။ ဘုရားသခင်သည် ပုလ္လိင်(ကျား) လား၊ ဣတ္ထိလိင်(မ) လား။ ဘုရားသခင် ဟာ အာကာသ၊ ဒြပ် နဲ့ အချိန်(Space, Matter/Energy , Time) တွေရဲ့အပြင်ဘက်မှာတည်ရှိနေတာလို့ ဖန်ဆင်းရှင်ယုံကြည်သူ(Creationists) အချို့က လက်ခံထားကြတယ်။ စကြဝဠာရဲ့ အပြင်ဘက်မှာ ဘယ်လိုရှိနေတာပါလဲ။” စသဖြင့် ဘုရားသခင်နှင့် ပက်သတ်၍… Read More »ဘုရားသခင် မည်သူနည်း။

လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၂)

ဤဆောင်းပါးသည် “လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း-၁)” ရဲ့ အဆက်ဖြစ်ပါတယ်။ အပိုင်း-၁ ကို မဖတ်ရသေးပါက ရှေးဦးစွာ ဝင်ရောက်ဖတ်ကြည့်ဖို့ရန် တိုက်တွန်းလိုပါတယ်။ “ကျေးဇူးတော်” ဆိုတဲ့ အရာဟာ နက်နဲပါတယ်။ ဒင်္ဂါးပြားတစ်ခုရဲ့ မျက်နှာပြင်လိုပါပဲ။ နှစ်ဖက်ရှိပါတယ်။ နှစ်ဖက် ရှိတယ်ပြောလို့ ဘုရားလုပ်ပေးတဲ့ ဘက် နဲ့ လူလုပ်ဆောင်ရမယ့် ဘက် ၂ ဖက်ပြည့်စုံမှ ကျေးဇူးတော်ဖြစ်တယ်လို့ ဆိုလိုတာ… Read More »လွတ်မြောက်ခြင်းနှင့် ကျေးဇူးတော် (အပိုင်း – ၂)

မေးခွန်းတိုင်း၏နောက်ကွယ်

“သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့်အပြစ် ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ဖြောင့်မတ် သောသူဖြစ်မည်အကြောင်းတည်း။” (ကောရိန်သုသြဝါဒစာ ဒုတိယစောင် ၅ : ၂၀-၂၁) ကျွနု်ပ်တို့သည် ကျိုးသင့်ကြောင်းသင့် ဆင်ခြင်တွေးခေါ်ခြင်း အထူးပင်လိုအပ်လျက်ရှိသော ကာလတွင်… Read More »မေးခွန်းတိုင်း၏နောက်ကွယ်

ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော

“သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။” (ရောမဩဝါဒစာ ၃ : ၃၁) “ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။” (ရောမဩဝါဒစာ ၄ : ၁၀) ဤဆောင်းပါးတွင် တမန်တော်ကြီး ရှင်ပေါလု ပြောသောစကားများနှင့် သက်ဆိုင်သောအရာများကို အစိမ်းရောင် ဖြင့် ဖော်ပြထားပြီး တမန်တော်ကြီး… Read More »ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော