Skip to content

ခရစ်ယာန်ယုံကြည်မှုအား ခုခံကာကွယ်မှုဆိုင်ရာ

သမ္မာတရားအထက် မည်သူမျှ မရှိရ

အရင်ဆုံး ကျွန်တော်အနေနဲ့ နိုင်ငံရေးလည်း မပြောချင်သလို၊ ပုဂ္ဂိုလ်ရေးလည်း မပြောချင်ပါဘူး … ကျွန်တော် ဦးတည်ပြီး ပြောသွားမှာက သမ္မာတရားအကြောင်း အရာပဲ (အထူးသဖြင့် ခရစ်ယာန်တွေအတွက်) ဖြစ်တယ် ဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ ဒါပေမယ့် နောက်တစ်ချက်က သမ္မာတရား ပြောပြီဆိုရင်လည်း နိုင်ငံရေးပဲဖြစ်ဖြစ် – ပုဂ္ဂိုလ်ရေးပဲ ဖြစ်ဖြစ် မသမ္မာမှု ပါလာရင်တော့ ဆက်စပ်ပြီး ထည့်ပြောရတာလည်း ရှိတယ်ဆိုတာကို… Read More »သမ္မာတရားအထက် မည်သူမျှ မရှိရ

ကျန်းမာ၊ ချမ်းသာ သတင်းကောင်းရဲ့ နိဂုံးချုပ်

လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် ဆိုတာက ဘာသာတရားတိုင်းမှာ ကြုံရတတ်တဲ့ အကြီးမားဆုံး ‌ပြဿနာ တစ်ခုပါ။ ယ‌နေ့ နှစ်ပေါင်းနှစ်ထောင်ကျော်‌နေပြီဖြစ်တဲ့ ခရစ်ယာန် အသင်းတော်ရဲ့ သမိုင်းကို လေ့လာကြည့်ရင် ရာစုနှစ်တိုင်းမှာ ရှေးရိုးခရစ်ယာန် ယုံကြည်ခြင်းမှ သွေဖယ်ပြီး လွဲမှားတဲ့ အယူဝါဒ၊ သွန်သင်ချက် မြောက်များစွာ ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းမှာ သက်သေ သာဓကများစွာ လေ့လာတွေ့ရှိရပါတယ်။ ဒီလို ဖြစ်လာမယ်ဆိုတာကို ဓမ္မသစ်ကျမ်းမှာ… Read More »ကျန်းမာ၊ ချမ်းသာ သတင်းကောင်းရဲ့ နိဂုံးချုပ်

သမ္မာတရားဘက်တော်သား

ဘုရားသခင်ရဲ့ သမ္မာတရားအတိုင်း မသွား/မသွန်သင်တဲ့အခါ သွားပြီးတော့ မပြောနဲ့/မထောက်ပြနဲ့ ဆိုတာက သမ္မာတရားဘက်တော်သားမဟုတ်။ဒီလူတွေဟာ …အထူးသဖြင့် ဘုရားသခင်ထက် လူကို ပိုအားနာနေလို့ ဖြစ်နိုင်သလို၊သမ္မာတရားထက် အသီးအပွင့်လို့ထင်ရတဲ့ ယာယီ အောင်မြင်မှုတွေကို မထိပါးလိုလို့ဖြစ်မယ်။တစ်ချို့ကျတော့လည်း ဘုရားသခင်ရဲ့ သမ္မာတရားကို စွဲလမ်းတာထက် စိတ်ကိုဖမ်းစား ဇာတိသဘောကို ကျေနပ်နိုင်စေတဲ့ လူပုဂ္ဂိုလ်ကို တွယ်တာနေလို့ဖြစ်မယ်။တစ်ချို့ကလည်း စီရင်တာ ဘုရားမကြိုက်ဘူးဆိုပြီး လွဲမှားနေတာကို မျက်နှာလွဲ မသိသလို မေတ္တာထားရမယ်ဆိုတဲ့… Read More »သမ္မာတရားဘက်တော်သား

ခရစ်ယာန်တို့၏ မင်္ဂလာဆောင်ခြင်းအမှု နှင့် သစ္စာသံဝါသပြုခြင်း

ဧဖက်သြဝါဒစာ အခန်းကြီး ၅ အငယ် ၂၂ မှ ၃၃ အထိဟာ ယုံကြည်သူများ၏ “လက်ထပ်ခြင်း” ကို သေချာစွာ ဖော်ပြထားပါတယ်။“လက်ထပ်ခြင်း”ရဲ့ အနှစ်သာရ အဓိပ္ပာယ်နဲ့ ၎င်းဟာ သမ္မာတရားနဲ့အညီ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာကိုပါ ဖော်ပြထားပါတယ်။အရင်ဆုံးပြောချင်တာက “လက်ထပ်ခြင်း”ဆိုတဲ့အရာကို ဖန်တီးသူဟာ ဘုရားသခင် ကိုယ်တော်တိုင် ပဲဖြစ်ပါတယ်။ အဖဘုရားဟာ အသင်းတော်အတွက် သူရဲ့အကြံအစည်တော်ကို ဖွင့်မပြခင် ဇနီးမောင်နှံနှစ်ဦး အတွက်… Read More »ခရစ်ယာန်တို့၏ မင်္ဂလာဆောင်ခြင်းအမှု နှင့် သစ္စာသံဝါသပြုခြင်း

Covid-19 ကြားက ငြိမ်သက်ခြင်းအရှင်

ကျွန်တော်တို့အများစုက ဘုရားသခင် အကြောင်းပြောကြတဲ့အခါမှာ ဘုရားသခင်ရဲ့ တန်ခိုးတော်အကြောင်းအရာပဲ ပြောဖြစ်လေ့ ရှိကြတယ်။ ဘုရားလို့ ပြောလိုက်ရင်လည်း သူက တန်ခိုးတော်ရှင် အရာခပ်သိမ်းကို တတ်နိုင်တယ်၊ ဘာမဆို လုပ်ပေးနိုင်တယ်၊ အကုန်လုံးပေါ်မှာ အစိုးရတယ် ဆိုတာပဲ ကြားချင်ကြတယ်။ နောက်တစ်ခုရှိသေးတာက – “ဘုရား” တကြတဲ့အခါမှာပဲ ကြည့်လိုက် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်စွမ်းမရှိတော့တဲ့အခါမှာ လုပ်ဆောင်ပေးမယ့်သူ (လုပ်ဆောင်ပေးနိုင်သူ) ဘုရားသခင်ကိုပဲ တကြတာများတယ်ဆိုတာ… Read More »Covid-19 ကြားက ငြိမ်သက်ခြင်းအရှင်

ဘုရားကို ကိုးစားခြင်းက ဉာဏ်ပညာမဲ့စွာ အသက်ရှင်ခြင်းမဟုတ်

လက်ရှိဖြစ်ပျက်နေတဲ့ ယုံကြည်မှု ပွတ်တိုက်ခြင်း Friction of Faith ကနေဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုတွေ့မြင်ရာက သမ္မာတရားအားဖြင့် မိမိဆင်ခြင်မိတာကို share ချင်ပါတယ်။ အထူးသဖြင့် ယုံကြည်သူ ညီအစ်ကိုမောင်နှမတွေ အတွက်ပါ။ Christianity ရဲ့ exclusiveness က ဘုရားကိုသာ ယုံကြည်အားကိုးခြင်း ဖြစ်ပါတယ်။ (faith in God) ပါ။ဝိညာဉ် ရွေးနှုတ်ခြင်းခံရဖို့ လူ(မိမိအပါအ၀င်) ကို ကိုးစားလို့ (တနည်း)… Read More »ဘုရားကို ကိုးစားခြင်းက ဉာဏ်ပညာမဲ့စွာ အသက်ရှင်ခြင်းမဟုတ်

သန့်ရှင်းသော ချစ်သူများနေ့

ချစ်ကြိုက်ကာ မေတ္တာမျှကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ မေတ္တာဟူသည်မှာ အလွန်လှပသောအရာပင်ဖြစ်သည်။ သို့သော် ယနေ့ခေတ်ခါတွင် ထိုမေတ္တာဟူသည်ကို တလွဲအနက်ဖွင့်လာကြသည်။ ယုံကြည်သူများသည်လည်း လွဲမှားစွာ နားလည်ကာ အမှားကို အမှန်မှတ်လို့ မေတ္တာပြသည့်အနေဖြင့် မိမိတန်ဖိုးရှိလှသော အပျို/လူပျိုဖြစ်ခြင်းကို အပြစ်၏ တန်ဆာ ဖြစ်စေတတ်ကြသည်။ “အချင်းလူပျို သင်ချစ်သော ညီမကို တန်ဖိုးထားပါ”“အချင်းပျိုမယ် သင်ချစ်သော အကိုကို လေးစားပါ” မေတ္တာထားပါ၊ တန်ဖိုးထားပါအပြစ်ကို အပြစ်ဟု… Read More »သန့်ရှင်းသော ချစ်သူများနေ့

ဆယ်ဘို့တစ်ဘို့ ပြဿနာ ရှင်းလင်းခြင်း

စာရေးသူ ငယ်ငယ်တုန်းကတည်းက ဆယ်ဘို့တစ်ဘို့ပေးတဲ့ ခရစ်ယာန် မိသားစုက ကြီးပြင်းလာတဲ့သူပါ။ အဲဒီအချိန်တုန်းက ခရစ်ယာန်ကြားမှာ ဆယ်ဘို့တစ်ဘို့နဲ့ ဘာပြသာနာမှ မကြားမိခဲ့ပါဘူး။ အားလုံးက သာသနာအတွက် ဆယ်ဘို့တစ်ဘို့ ပေးရမယ်ဆိုတာကို သံသယကင်းစွာ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ ခေတ်မှာ ဆယ်ဘို့တစ်ဘို့ပေးစရာ မလိုဘူးလို့ ဟောတဲ့သူများလာသလို၊ ဆယ်ဘို့တစ်ဘို့ထက်ကို ပိုပေးရမယ် ဆိုပြီးလည်း သွန်သင်လာကြပါတယ်။ တစ်ချို့ကလည်း မပေးရင် ဆင်းရဲမယ်၊… Read More »ဆယ်ဘို့တစ်ဘို့ ပြဿနာ ရှင်းလင်းခြင်း

“ပထမဦးဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်များဖြင့် သမိုင်းဝင်ခဲ့သော အပိုလို – ၈ မစ်ရှင်နှင့် လကမ္ဘာမှ ခရစ္စမတ်စ်

ခရစ္စမတ်စ်ကာလရောက်တဲ့အခါတိုင်းမှာ “ပထမဦးဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်များနဲ့ သမိုင်းဝင်ခဲ့တဲ့ အပိုလို – ၈ မစ်ရှင်ကို ပြန်လည်အောက်မေ့တမ်းတမိပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ဟာဆိုရင် (၅၁) နှစ်မြောက် အပိုလို – ၈ မစ်ရှင်နေ့ဖြစ်ပါတယ်။ ဒီ မစ်ရှင်က ကျွန်တော်တို့လူသားတွေကို အာကာသသိပ္ပံနဲ့ပတ်သက်ပြီး အချက်အလက်အသစ်၊ အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ်၊ စိတ်ခွန်အားအသစ်၊ ကမ္ဘာဂြိုလ်ကို ရှုမြင်တဲ့ အတွေးအမြင်အသစ်တွေပေးခဲ့သလို… Read More »“ပထမဦးဆုံး” ဆိုတဲ့ ဂုဏ်ပုဒ်များဖြင့် သမိုင်းဝင်ခဲ့သော အပိုလို – ၈ မစ်ရှင်နှင့် လကမ္ဘာမှ ခရစ္စမတ်စ်