ဆိုးညစ်မှုနှင့် စီရင်ခြင်း
သောဒုံနှင့်ဂေါမောရဟာ လူတွေရဲ့ဆိုးသွမ်းအပြစ်များမှုနှင့်ထိုဆိုးညစ်မှုတွေကို ဘုရားသခင်စီရင်တော်မူတယ်ဆိုတာကို ပုံဉပမာအနေဖြင့် ကျမ်းစာတလျှောက်မှာဖော်ပြထားတာတွေ့မြင်ရပါတယ်။ ထိုမြို့တွေကို ကမ္ဘာဦး ၁၀:၁၉ မှာဖော်ပြထားပြီး ခါနာန်အမျိုးသားတွေရဲ့နယ်နိမိတ်တွင်းမှာဖြစ်တယ်ဆိုတာလည်း နားလည်ရပါတယ်။ နောက်ထပ်ဖော်ပြထားတဲ့ နေရာကတော့ ကမ္ဘာဦး ၁၃:၁၀ မှာဖြစ်ပြီး ဘုရားသခင်ဖျက်ဆီးတယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်။ အကြောင်းကတော့ “သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။” ကမ္ဘာဦးကျမ်း ၁၃:၁၃ ကမ္ဘာဦးကျမ်းကိုကြည့်တဲ့အခါ လောတဟာ သူ့ရဲ့အမြင်ပေါ်အခြေခံတဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ပြီး၊ သူ့ရဲ့ဦးလေးအာဗြဟံကတော့ ဆုံးဖြတ်ချက်တိုင်းကိုယုံကြည်ခြင်း၌အခြေပြုတယ်လို့ဆင်ခြင်ရပါတယ်။… Read More »ဆိုးညစ်မှုနှင့် စီရင်ခြင်း








