Skip to content

အတွင်းလား အပြင်လား ?

သခင်ဘုရားအတွက်ကျွန်တော်တို့ရဲ့ “အတွင်းစရိုက်လက္ခဏာ”ဟာ ကျွန်တော်တို့ရဲ့ “အပြင်ပိုင်းသွင်ပြင်လက္ခဏာ” ထက် ပိုအရေးကြီးပါတယ်။ ကိုရီးယား ပေါ့ပ်ဂီတဟာတကမ္ဘာလုံးကိုထိုးဖောက်အောင်မြင်မှုရရှိထားတယ်ဆိုတာအားလုံးသိကြပါတယ်။ ကြိုက်နှစ်သက်အားပေးတဲ့သူတွေဟာလည်းတကယ်ကို အရူးအမူးအားပေးကြတာတွေ့ရပါတယ်။ ဒီလိုအရူအမူးအားပေးကြတဲ့အထဲမှာ ကျွန်တော်တွေ့ဖူးသလောက်ပြောပြရရင် ဘရာဇီးနိုင်ငံသားလူငယ်တယောက်ကိုတော့လက်ဖျားခါလောက်အောင် အံ့ဩမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကြိုက်နှစ်သက်တဲ့ ကေပေါ့ပ်အဆိုတော်ရဲ့ ပုံသဏ္ဍန်အတိုင်း နာရီပေါင်းများစွာ၊ ငွေကြေးပေါင်းမြောက်များစွာ အကုန်ကျခံပြီးခွဲစိတ်ပြုပြင်သည်အထိအားပေးကြမ်းလို့ပါပဲ။ဆင်ခြင်မိတာကတော့ ရုပ်တော့တော်တော်တူသွားပေမယ့် သူတို့နှစ်ဦးရဲ့ဖြစ်ခြင်းကတော့ မတူဘူးဆိုတာပါဘဲ။ အထူးသဖြင့် အတွင်းစိတ်နှလုံးပေါ့။ နှလုံးရောဂါအတွက် အစားထိုးခွဲစိတ်လို့ရပေမယ့်၊ ကြင်နာတတ်၊ ချစ်တတ်၊… Read More »အတွင်းလား အပြင်လား ?

စည်းကမ်း

“စည်းကမ်း” လို့ဆိုလိုက်တာနဲ့အာဏာရှိသူကချမှတ်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သတ်မှတ်တာပဲဖြစ်ဖြစ် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စည်းကမ်းဆိုတာ ဘုရားရဲ့လမ်း၌သွားလာတတ်ဖို့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြေခံအားဖြင့်အသက်ရှင်ခြင်းသို့ဦးတည်ပါတယ်။ “ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို​စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ နှစ်​သက်​တော်​မူ​သော​သူ​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏။”‭‭သုတ္တံကျမ်း ၃:၁၁-၁၂ “ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို… Read More »စည်းကမ်း

အစွမ်းသတ္တိ

ယုံကြည်သူတိုင်းရဲ့နေ့စဉ်အသက်ရှင်မှုမှာ ”အစွမ်းသတ္တိ”လိုအပ်ပါတယ်။ ဒါကြောင့်သခင်ဘုရားသည်ယုံကြည်သူများအား သူ့အဖို့အသက်ရှင်စေရန် လိုအပ်သော အစွမ်းသတ္တိခွန်အားများပေးခြင်းငှါ ကတိတော်ရှိပါတယ်။ “ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့လည်း ဆုတောင်းကြလော့။ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့်… Read More »အစွမ်းသတ္တိ

အတင်းအဖျင်း

“အတင်းပြောခြင်း”ဟာ ဆွဲဆောင်တတ်ပါတယ်။ဒါပေမယ့်ထိုအရာဟာ ရင်းနှီးကျွမ်းဝင်မှုတွေ အသိုင်းအဝန်းတွေထဲမှာ တကယ့်ကိုဖျက်အားကြီးတဲ့ စွမ်းပကားဖြစ်ပါတယ်။ဒါကြောင့် ပါဝင်ပက်သက်မမိစေဖို့ အထူးသတိထားသင့်ပါတယ်။ “ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏။”‭‭သုတ္တံကျမ်း ၂၆:၂၀ အတင်းပြောခြင်းဟာ လူနှစ်ဦးကြားကတင်းမာမှုကို ရှည်ကြာစေပါတယ်။ အဲ့ဒီ့အတွက် ကိုယ့်ကိုကိုယ် “လောင်စာ” မဖြစ်စေပါနဲ့။ “လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။”‭‭သုတ္တံကျမ်း ၁၁:၁၃ အတင်းပြောခြင်းဟာ တစ်ဦးပေါ်တစ်ဦးထားရှိတဲ့ ယုံကြည်မှုကို… Read More »အတင်းအဖျင်း

သမ္မာတရားဆိုတာ ဘာလဲ?

သမ္မာတရားဆိုတာ ဘာလဲ။ သမ္မာတရားနဲ့ အမှန်တရားက မတူဘူးလား။ အမှန်တရားက လူတိုင်းအတွက် မမှန်ဘူး၊ သမ္မာတရားကသာ လူတိုင်းအတွက် မှန်တယ်ဆိုတာ ဟုတ်ပါသလား။ သခင်ယေရှု မိန့်တော်မူတဲ့ “ငါသည် သမ္မာတရားဖြစ်၏” ဆိုတဲ့ အဆိုအမိန့်ကရော ဘာကို ဆိုလိုတာလဲ။

သာသနာလုပ်ငန်းတွင် ပြန်ဆန်းစစ်ရမည့်အချက်များ

သာသနာလုပ်ငန်းတွင် ပြန်ဆန်းစစ်ရမည့်အချက်များ သခင့်ဆီ မင်းမရောက်သရွေ့ မင်းကိုသခင်က စေလွှတ်နိုင်မှာမဟုတ်ဘူး။ ဘုရားသခင် စေလွှတ်တဲ့သူတိုင်း သူ့ဆီကို အရင်ခေါ်တယ် သာသနာဆိုတာ ကစားကွင်း မဟုတ်ဘူး သန့်ရှင်းမြင့်မြတ်ရာ အရပ်…… အပြစ်တွေ ချွတ်ထားခဲ့ဖို့လိုတယ် ဘုရားသခင်ရဲ့ မိန့်တော်စကားကို နာခံဖို့ဆိုတာ သူ့ရဲ့တန်ခိုးတော် တစ်ခုတည်းကို တောင်းခံလို့ မရဘူး။ သခင့်ရဲ့လမ်းစဉ်အတိုင်းလည်း လိုက်လျှောက် နာခံရမယ်။

အမှုတော်ဆိုတာ

အမှုတော်ဆိုတာ ထင်ရာစိုင်း လုပ်ဖို့မဟုတ် သခင်စေရာ အတိုင်းပြုဖို့ အာဏာနဲ့ဝါသနာ အရလည်းမဟုတ် ကရုဏာနှင့်စေတနာပါပါ ရင်းနှီးဖို့ ငါကွဆရာကြီးဆိုပြီး အာရွှီးဖို့မဟုတ် လာကြအတူတကွ လုပ်ဆောင်တတ်ဖို့ ခန့်ညားတဲ့စင်ပေါ်မှာ ရှိနေဖို့ဘဲမဟုတ် ခက်ခဲတဲ့စစ်မြေပြင်ပေါ်လည်း ရှိနေတတ်ဖို့ ကားကောင်းကောင်းရှိမှ သွားရတာလည်းမဟုတ် သခင့်စကား သတင်းကောင်းနဲ့အထူးသဖြင့် သွားတတ်ဖို့ ကိုယ့်အဖို့ဆိုပြီး အမြတ်ရှာဖို့မဟုတ် “မြတ်”လှပါတယ်ဆိုပြီး ကိုယ်အကျိုးစွန့်တတ်ဖို့ ကျွန်ုပ်အလိုရှိသည်အတိုင်း ဖြစ်ဖို့မဟုတ် ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ဖို့

နှလုံးသားအသံနှင့် ပေးကမ်းပါ

ပေးကမ်းခြင်းကို မပြုချင်သောသူမရှိပါပေးကမ်းခြင်းဟာ မကောင်းသောအမှုလို့မည်သူကမှပညတ်မထားပါသို့သော် ပေးကမ်းခြင်းသည်စစ်မှန်ပါ၏လော?တနည်းဆိုသော် သခင့်အလိုထက် ကိုယ်အလိုရှိသည့်ပေးကမ်းခြင်းမျိုးသင်ပေးနေသလော? ဒါမှမဟုတ် သခင့်ကိုနှစ်သက်စေသည်ထက် ကိုယ်နှစ်သက်သည့်ပေးကမ်းခြင်းမျိုးနှင့် သင်ပေးနေသလော? “သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။-”‭‭ရှင်မဿဲခရစ်ဝင် ‭၆:၃-၄ သခင်ပြောခဲ့တဲ့ဒီစကားလေးကိုဖတ်မိလိုက်တိုင်းမှာ ဆင်ခြင်မိသည့်အရာတခုရှိပါတယ်။ သဘောလည်းအင်မတန်ကျပါတယ်။ ကျွန်တော့်ရဲ့တစ်ဦးတည်းအမြင်၊ သွန်သင်ခြင်းခံရသည်အတိုင်းဆိုရလျင် “ညာဘက်လက်ပြုလိုက်သည်ကို… Read More »နှလုံးသားအသံနှင့် ပေးကမ်းပါ

သခင်ယေရှုကို ဘာကြောင့်ယုံကြည်ရမည်နည်း?

သခင်ယေရှုက ကျွန်ုပ်တို့ရဲ့ အပြစ်အားလုံးကို ဆေးကြောပေးပြီးပြီရင်ဆိုရင် ကယ်တင်ခြင်းရဖို့ သခင်ယေရှုကို ဘာကြောင့် ယုံကြည်လက်ခံဖို့ လိုနေသေးတာလဲ ?