ထွက်ပြေးခြင်းနှင့် ရှောင်ပုန်းခြင်း
စိုက်ပျိုးရသည့်ကာလ၊ ရိတ်သိမ်းရသည့်အချိန်၊ ဖြိုဖျက်ရသည့်ကာလ၊ တည်ဆောက်ရသည့်အချိန်ရှိသကဲ့သို့ပင် စစ်တိုက်ရသည့်ကာလ၊ ထွက်ပြေးရသည့်အချိန်လည်းရှိသည်။ ရှောင်ပုန်းရသည့်ကာလရှိသကဲ့သို့ ရင်ဆိုင်ရသည့်အချိန်လည်းရှိသည်မဟုတ်ပါလား။ ဒါဝိဒ်သည် ဂေါလျတ်နှင့်ရဲဝင့်စွာ ရင်ဆိုင်ခဲ့ပြီးသည့်အချိန်တွင် ချီးမြှောက်ခြင်းကိုခံရသည်။ ရှင်ဘုရင်ရှောလုသည် ချီးမြှောက်သော်လည်း မနာလိုခဲ့။ ထို့ကြောင့် သူ၏မနာလိုခြင်းကြောင့်ပင် ဒါဝိဒ်အား မကောင်းသည့်အကြံအစည်ကို ကြံစည်ခဲ့ပေသည်။ ထို့အတူ ဒါဝိဒ်သည် ဖိလိတ္တိလူတို့နှင့် စစ်တိုက်ခဲ့ရသည့်ကာလလည်းရှိခဲ့သည်။ ထိုစစ်ပွဲများအား အောင်မြင်ခဲ့သည့်အချိန်လည်းရှိပေသည်။ “ဒါဝိဒ်သည် ရှောလု၏ကျွန်အပေါင်းတို့ထက် သာ၍ သတိပညာနှင့်ပြုမူသဖြင့်… Read More »ထွက်ပြေးခြင်းနှင့် ရှောင်ပုန်းခြင်း