Skip to content

ဒဿနိကဗေဒဆိုင်ရာ

ခရစ်ယာန်တွေက ဘုရားသုံးဆူ (Three Gods) ကို ကိုးကွယ်ကြသလား?

“သုံးပါးတဆူ” ဆိုတာ ဘာလဲ။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ။ How can 3 be 1? ခရစ်ယာန်တွေ ဘုရားသုံးဆူ (Three Gods) ကို ကိုးကွယ်ကြသလား? ဒီမေးခွန်းတွေအမြဲ ကြားဖူးကြတယ်မလား။ တချို့က တကယ်မသိလို့၊ သိနားလည်ချင်တဲ့စိတ်နဲ့ ရိုးသားစွာ မေးတာရှိသလို တချို့က တိုက်ခိုက်လိုစိတ်နဲ့ ငေါ့ပြီးမေးတာလည်း ရှိနိုင်တယ်။ မေးသူက… Read More »ခရစ်ယာန်တွေက ဘုရားသုံးဆူ (Three Gods) ကို ကိုးကွယ်ကြသလား?

ဖန်ဆင်းခြင်း နှင့် ဖန်တီးခြင်း

ယခုဆောင်းပါးသည် ယုံကြည်သူကျွန်ုပ်၏ အတွေး၊ ခံယူချက်များကို မျှဝေသောဆောင်းပါးဖြစ်ပါတယ်။ အကယ်၍ ဖန်ဆင်းခြင်း နှင့် ဖန်တီးခြင်း နဲ့ ပတ်သတ်၍ အမှားယွင်းတစ်စုံတစ်ရာ ရှိခဲ့ပါလျှင် စာရေးသူ ကျွန်ုပ်မှာသာ အပြစ်ရှိပါတယ်။ ကျွန်ုပ်လေ့လာမှု အားနည်းခြင်းကြောင့်သာဖြစ်ပါတယ်။ မည်သည့် အသင်းတော် ဘာသာရေးဆိုင်ရာ အယူဝါဒများ၏ အမှားယွင်းလုံးဝ မဟုတ်ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ယုံကြည်သူ ခရစ်ယာန်များက ဘုရားသခင်သည် စကြဝဠာ… Read More »ဖန်ဆင်းခြင်း နှင့် ဖန်တီးခြင်း

STOP SIGN THEOLOGY

အမေရိကား၏ ပြည်နယ်တစ်ခုဖြစ်သော California တွင် “Stop Sign” များစွာတွေ့ရသည်။ ထိုသင်္ကေတ၏ အဓိပ္ပါယ်မှာ ရပ်တန့်ရန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရပ်ရမည်။ သင်မည်မျှပင် အလျှင်လိုနေစေဦးတော့ ဤ Sign နေရာသို့ ရောက်သည်နှင့် ဘီးလေးဘီးလုံး ရပ်တန့်ရမည်ဖြစ်သကဲ့သို့ သတ်မှတ်မျဥ်းအား မကျော်လွန်ရချေ။ ထိုအမှတ်အသား သင်္ကေတ၏ သတိပေးခြင်းသည် “To Stop, To Watch, and… Read More »STOP SIGN THEOLOGY

“ယေဟောဝါသည် တန်ခိုးကြီးသော ဘုရား မဟုတ်”

“ကင်းမျှော်စင်” (The Watchtower) ၊ “နိုးလော့” (Awake!) တို့ စတဲ့ အမည်နာမအမျိုးမျိုးနဲ့ ဝေစာတွေ၊ စာစောင်မဂ္ဂဇင်းတွေကို မြန်မာပြည်မှာနေရင် တသက်မှာတခါလောက်တော့ မြင်ဖူး၊ လက်ခံဖူးမယ်လို့ ထင်ပါတယ်။ ဝေစာတွေမှာ ကြည့်လိုက်ရင် ရုပ်ပုံလှလှလေးတွေနဲ့၊ အရောင်အသွေးစုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ကောင်းနေပါလိမ့်မယ်။ ဝေစာမှာပါတဲ့ စာတွေကို အမှတ်တမဲ့ကြည့်လိုက်ရင် စာလုံးထင်းထင်း၊ ခေါင်းစဉ်ကြီးကြီးတွေနဲ့ “ယေရှု”၊ “ယေဟောဝါ”၊ “ဘုရားသခင့်နိုင်ငံတော်”၊ “ယေဟောဝါသက်သေခံများ”၊… Read More »“ယေဟောဝါသည် တန်ခိုးကြီးသော ဘုရား မဟုတ်”

ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

ဘုရားမဲ့ဝါဒီသမား (Atheist) တွေက “ဘုရားဆိုတာ တကယ်ရှိပြီး အရာအားလုံးကို ဖန်ဆင်းတယ်ဆိုရင် ဘုရားကို​ရော ဘယ်သူက ဖန်ဆင်းတာလဲ” ဆိုပြီး မေးလေ့ရှိကြပါတယ်။ ထိုကဲ့သို့ မေးလိုက်ကတည်းက သူတို့ပြောနေတဲ့ ဘုရားက အချိန် ၊ အကန့်အသက်ထဲမှာရှိနေတဲ့ ဖန်ဆင်းခံဘုရားအကြောင်းကိုသာရည်ညွန်းပြီး ​ပြောနေကြခြင်းဖြစ်ပါသည်။ ဘုရားသခင်တည်ရှိသည်ဟု ယုံကြည်ကြသူ (Theist) တို့သည် ဘုရားသခင်၏သဘောသဘာဝ (nature of God) နှင့်ပတ်သက်၍… Read More »ဘုရားသခင်သည် အရာအားလုံးကိုဖန်ဆင်းခဲ့လျှင် ဘုရားသခင်ကို မည်သူဖန်ဆင်းခဲ့သနည်း

ဘုရားသခင် တာဝန်ယူသလော

ခုနောက်ပိုင်းခရစ်ယာန်အချို့ရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလာတဲ့စကားတခုရှိပါတယ်။ “ဘုရားတာဝန်ယူတယ်/လိမ့်မယ်” ဆိုတဲ့စကားပါပဲ။ ရုတ်တရက်ကြည့်ရင်တော့ ဟုတ်မလိုလိုပါပဲ။ ဒါပေမယ့်တကယ်တမ်းစဉ်းစားကြည့်တော့ ကိုယ့်ရဲ့တာဝန်ဝတ္တရားမဲ့မှုကြီးကလည်း တဖက်မှာထင်ရှားမြင်သာနေတာကို သတိပြုမိသူက မရှိသလောက်ပါပဲ။ နှုတ်ကပတ်တော်တလျှောက်ကြည့်လိုက်ရင် ဘုရားကသူ့အလုပ်ကိုသူလုပ်ဆောင်နေတာကိုတွေ့ရမှာဖြစ်သလို၊ ဘုရားသခင်ရဲ့လူတွေ၊ ပရောဖက်တွေ စသည့်အသီးသီးသောလူတွေဟာဆိုရင်လည်း ဘုရားသခင်ခွဲခန့်သောတာဝန်ကို လုပ်ဆောင်ခဲ့ရသူတွေပါပဲ။ ဘုရားသခင်တာဝန်ယူပါလိမ့်မယ် ဆိုတဲ့စကားထက် ဘုရားသခင်ပြုမည့်အမှုကိုသာရှေ့တန်းတင်ပြီး၊ ကိုယ်လုပ်ဆောင်စရာရှိတာကိုလုပ်ဆောင်ခဲ့ကြသူတွေသာ။ နောက်ပြီး ဘုရားတာဝန်ယူတယ် တဲ့စကားကိုစဉ်းစားကြည့်ရင် ကျွန်ုပ်တို့အပေါ်မှာ ဘုရားသခင်ကကျေးဇူးကြွေးပဲရှိနေသလိုမျိုးပုံစံပင်။ ခရစ်ယာန်တွေကိုကြည့်ရင် များသောအားဖြင့် ဘုရားထံကနေ… Read More »ဘုရားသခင် တာဝန်ယူသလော

လူပိန်းတွေပဲ ဘုရားသခင်ကိုယုံကြည်ကြတာလား

ယနေ့ခေတ်တွင် ဘာသာမဲ့(ဘုရားမဲ့ဝါဒီ) အများစုက မိမိတို့သည် ဘာသာစွဲထဲက လွတ်မြောက်သွားကြ​ပြီဟု ဂုဏ်ယူစွာကြွေးကြော်လေ့ရှိကြပြီး ဘာသာတရားထဲမှာ ရှိကြတဲ့သူများကိုလည်း ဦးနှောက်ဆေး (brainwashed) ခံထားရတဲ့လူပိန်းတွေဆိုပြီးသမုတ်လေ့ရှိကြသည်။ ထိုသို့ဆိုလျှင် ကနဦးရူပဗေဒ (Classical Physics) ကို ရှာဖွေတွေ့ရှိခဲ့သူများဖြစ်တဲ့ James Clerk Maxwell, Lord Kelvin, Michael Faraday, Mendel, Pasteur အစရှိသောပုဂ္ဂိုလ်များကိုယ်တိုင်က ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကိုယုံကြည်ခဲ့ကြ​သောကြောင့်… Read More »လူပိန်းတွေပဲ ဘုရားသခင်ကိုယုံကြည်ကြတာလား

ဘုရားအလိုတော်ရှိရင်

ခရစ်ယာန်အတော်များများပြောတတ်ကြတဲ့ စကားတခုရှိပါတယ်။ အဲ့ဒီစကားကတော့ အခြားမဟုတ်ပါဘူး။ “ဘုရားအလိုတော်ရှိရင်” ဆိုတဲ့စကားပါပဲ။ ဒါပေမယ့် မေးချင်တာက အဲ့ဒီစကားကိုပြောလိုက်တိုင်း “အလိုတော်”ကိုတကယ်ပဲသိချင်တာဟုတ်ပါရဲ့လား။ “အလိုတော်”ကို အမှန်တကယ်ဆောင်ချင်တာ ဟုတ်ပါရဲ့လား။ စာရေးသူကိုယ်တိုင်က အဲ့ဒီစကားကိုအလွန်အသုံးနည်းပါတယ်။ နောက်ပြီးဘဝမှာ ကိုယ်လုပ်ချင်တာတွေကို ဘုရားအလိုတော်လားမမေးခဲ့ဘဲ အဆင်ပြေခဲ့တာတွေမှအများကြီးပဲလေ။ အဆင်မပြေတဲ့အခါကျမှ “ဘုရားရဲ့အလိုတော်ပဲလေ” “ဝန်ခံရမှာပေါ့” လို့ဆိုလိုက်ခြင်းက ကိုယ်ဘက်ကမှန်ကန်နေပြီး ဘုရားဘက်က မီးစိမ်မပြသေးဟန် အနေအထားမျိုးဖြစ်နေပါတယ်။ စာရေးသူဘဝမှာ အလိုတော်ကိုမှန်ကန်စွာ ဝန်ခံတတ်ဖို့… Read More »ဘုရားအလိုတော်ရှိရင်

အဘယ့်ကြောင့် ဘုရားသခင်အတွက် ဖန်ဆင်းရှင်တပါး မလိုအပ်သနည်း?

ခရစ်ယာန်တွေဟာ “ထာဝရဘုရားကို အစအဆုံးမဲ့သော အနန္တဖြစ်သော ပုဂ္ဂိုလ်တပါး” အဖြစ်လက်ခံ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီအဆိုကို ထောက်ပံ့ပေးဖို့ ဘယ်လိုအထောက်အထားမျိုးကို ယုံကြည်သူ တွေ ယူဆောင်လာပေးနိုင်မလဲ? ဒါကတော့ သံသယဝါဒီတွေဘက်က ပြောလေ့ရှိတဲ့ ယုံကြည်သူတွေ အတွက် ဘုံ စိန်ခေါ်မှုတရပ်ပဲ ဖြစ်တယ်။ တစုံတယောက်က “အထောက်အထား” ကိုတောင်းတဲ့အခါ ပုံမှန်အားဖြင့် သက်သေအဖြစ်ဖော်ပြချက်တွေ၊ (သို့) စာရွက်စာတမ်းတွေ (သို့) ဖြစ်ရပ်အတွင်းကျန်ခဲ့တဲ့… Read More »အဘယ့်ကြောင့် ဘုရားသခင်အတွက် ဖန်ဆင်းရှင်တပါး မလိုအပ်သနည်း?