Skip to content

ခရစ်ဝင်ကျမ်းများမိတ်ဆက်

“Gospel” ဆိုသည့် အင်္ဂလိပ်စကားလုံးမှာ “Anglo-Saxon” စကားလုံး “godspell” မှဆင်းသက်လာပြီး၊ “ဘုရားသခင်၏အကြောင်း” သို့မဟုတ် “ထူးကဲသောအကြောင်း”ဟုဆိုနိုင်ပါသည်။ နောက်ပိုင်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ “gospel”ဟူသည့် ဂရိ(ဟေလေသ)စကားနှင့်လိုက်ညီလျက်၊ “euangellion=သတင်းကောင်း”ဟုဆိုလိုပါတယ်။ ဂရိလူမျိုးတို့၏လောကီအသုံးအနှုန်း၌ “euangellion” အား “အရေးကြီးသည့်ဖြစ်ရပ်ကိုအစီအရင်ခံခြင်း”ဟု​ဖော်ပြထားပါတယ်။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးဟာ နာဇရက်မြို့သားယေရှု၏ အသက်တာ၊ စွန့်လွှတ်အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းတည်းဟူသော လူ့သမိုင်းတွင်လွန်ပင်အရေးကြီးသောဖြစ်ရပ် သတင်းကောင်းပဲဖြစ်ပါတယ်။ ခရစ်ဝင်ကျမ်းများဟာ သခင်ခရစ်တော်၏လူဇာတိခံယူသော အသက်တာအလုံးစုံကိုဖော်ပြဖို့ရည်ရွယ်မထားသောကြောင့် (ယောဟန်၂၀း၃၀၊… Read More »ခရစ်ဝင်ကျမ်းများမိတ်ဆက်

ပဋိပက္ခ – ၁၁

မိသားစုအတွင်းတွင်ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း၌ဖြစ်စေ၊ မိမိ၏ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်၊ အသင်းတော်အတွင်း၌ပင်ဖြစ်စေ အခြေအနေအချို့အပေါ်မူတည်၍ အဆင်မပြေဖြစ်တတ်ကြသည့် အခိုက်အတန့်တို့သည် အချိန်မရွေးဖြစ်ပေါ်လာတတ်ပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ တုန့်ပြန်ခြင်းပေါ် မူတည်ကာ ရလဒ်အမျိုးမျိုးဖြစ်ပေါ်စေပါသည်။ စိတ်အခြေအနေမကောင်းလျှင် မကောင်းသကဲ့သို့ ပြောတတ်သောစကားများကြောင့်ဖြစ်စေ၊ မျက်နှာအမူအရာ အပြုအမူများကြောင့်ပင်ဖြစ်စေ တုန့်ပြန်ခြင်းများသည် ပဋိပက္ခတစ်ခုအား မလိုအပ်ဘဲဖြစ်တည်လာတတ်သည်မှာ ကျွန်ုပ်တို့အသိပင်ဖြစ်သည်။ ထိုအခြေအမျိုးမျိုးတို့တွင် ဒေါသနှင့်တုန့်ပြန်တတ်ကြသကဲ့သို့ အော်ဟစ်ပြောဆိုခြင်းများလည်း… Read More »ပဋိပက္ခ – ၁၁

ပဋိပက္ခ – ၁၀

တခါတရံတွင် ကျွန်တော်တို့သည် စကားပြောနေချိန်တွင်ဖြစ်စေ၊ အဖြစ်အပျက် အကြောင်းအရာတစ်ခုကြောင့်ဖြစ်စေ၊ အခြေအနေအလိုက် ရုတ်တရက် နှုတ်မှ စီးထွက်လာတတ်သည့် ညစ်ညူးသော စကားများရှိနေတတ်ကြသည်။ ဥပမာ ဘာရယ်မဟုတ်သော်လည်း “စောက်” ဟုအသုံးပြုမိခြင်း၊ ဘာရယ်မဟုတ်သော်လည်း အခြားသော ညစ်ညူးရာစကားများကို အသုံးပြုမိခြင်းဟု ဆိုကြပါစို့။ “စကားစကား ပြောဖန်များ၊ စကားထဲက ဇာတိပြ” “စကားများ အမှားပါ” စသည့် စကားပုံများအတိုင်း ဘာရယ်မဟုတ်ပြောမိရာမှတဆင့် အမှားပါကာ… Read More »ပဋိပက္ခ – ၁၀

နှုတ်ကပတ်တော်လေ့လာခြင်း

ခရစ်ယာန်တယောက်အနေဖြင့် နှုတ်ကပတ်တော်လေ့လာခြင်း (Bible study) အား လူအများဖြင့်သော်လည်းကောင်း(communal)၊ တစ်ဦးတည်းသော်လည်းကောင်း(individual) အသေချာ လေ့လာခံယူသင့်ပါသည်။အများစုမှာ သမ္မာကျမ်းစာလေ့လာခြင်း ဆိုသောခေါင်းစဉ်ဖြင့် ပြုလုပ်နေကြသော်လည်း ကိုယ့်ဩဝါဒ၊ ကိုယ့်ထင်မြင်ယူဆချက်ကိုသာ အသားပေးပြောဆိုနေသည်က များပါတယ်။တဦးချင်း လေ့လာကြသူတချို့ဆိုလျှင်လည်း စနစ်တကျလေ့လာခြင်းထက် ဖြစ်သလို ဖတ်တတ်ကြသလို၊ အထက်က ကိုယ့်ဩဝါဒ၊ ကိုယ့်ထင်မြင်ယူဆချက်ကို အသားပေးသူတို့ရဲ့ လွှမ်းမိုးမှု၌သာ ဖတ်ရှုတတ်သူများလည်းရှိကြပါတယ်။မည်သို့ပင်ဆိုစေကာမှု ခရစ်ယာန်မှန်လျှင်တော့ ထာဝရဘုရားမှုတ်သွင်းတော်မူသော နှုတ်ကပတ်တော်ကိုတော့ လေ့လာကြည့်ရှုဖတ်ရွတ်သင့်ပါတယ်။နက်နဲသော… Read More »နှုတ်ကပတ်တော်လေ့လာခြင်း

သမ္မာတရား၌သာ ရပ်တည်သူ

နှစ်ခြင်းဆရာ​ဟောဟန်ကို သမ္မာတရား၌သာ ရပ်တည်သူ၊ မှားယွင်းခြင်းများကို ​ထောက်ပြတတ်သူ၊ အမှန်တရားကိုမြတ်နိုး၍ အဓမ္မတရားကို ရွံရှာသူဟု သမုတ်နိုင်​ပေသည်။ ​ထို့အပြင် နှစ်ခြင်းဆရာယောဟန်ကို သခင်​ယေရှု၏ ​ရှေ့​ပြေးဟုဆိုနိုင်သည်။ သူသည် လူများကို ​နောင်တရရန် တရား​ဟောသူ၊ ​ရေနှစ်ခြင်း​ပေးသူ၊ သမ္မာတရားနှင့်အညီ သွန်သင်တတ်​သောသူလည်းဖြစ်သည်။ ​ဟေရုဒ်မင်း ဆိုသူသည် တစ်ရက်တွင် အိမ်​ထောင်​ရေး​ဖောက်ပြန်ခဲ့သည်။ သူသည် သူ၏ညီ ဖိလိပ္ပု၏မိန်းမ ​ဟေ​ရောဒိနှင့် လိင်ပိုင်းဆိုင်ရာ ​ဖောက်ပြန်ခဲ့ကြသည်။… Read More »သမ္မာတရား၌သာ ရပ်တည်သူ

ငါပေးသော ရေ

ဒီမနက် သမ္မာကျမ်းစာ ဖတ်ရင်းနဲ့ မိမိခံစားရတဲ့ အကြောင်းအရာလေး ဝေမျှချင်စိတ်ပေါ်လာလို့ပါ။ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၄ မှာ သခင်ယေရှုဘုရားက ခရီးသွားရင်း ပင်ပန်းလို့ ရှမာရိ မိန်းမတယောက်ဆီက ရေတောင်းသောက်ပါတယ်။ သခင်ယေရှုက ယုဒ အမျိုးအနွယ်ဖြစ်ပါတယ်။ ယုဒလူမျိုးတွေဟာ ရှမာရိ လူမျိုးတွေနဲ့ ပေါင်းဖော်ခြင်းမရှိကြပါဘူး။ ဒါကြောင့် ထို ရှမာရိမိန်းမက သူ့ဆီကို ယုဒလူမျိုး တယောက်ဖြစ်တဲ့သခင်ယေရှုက ဘာလို့ လာပြီး ရေတောင်းသောက်သလဲဆိုတဲ့အပေါ်… Read More »ငါပေးသော ရေ

အဓမ္မအမှုသည် လူမ​ရွေးပါ

ဟာမန်သည် ​မော်ဒဂဲနှင့် သူ၏လူမျိုးများအား အကုန်အစင်သတ်ပစ်ရန် ပြင်ဆင်ခဲ့သည်။ ထိုအရာသည် ယ​​နေ့​ခေတ်တွင် ထင်ရှား​သော (Genocide) လူမျိုးတုန်းသတ်ဖြတ်ခြင်းပင်ဖြစ်သည်။ ထိုသို့သတ်ဖြတ်ခြင်းကိုလုပ်​ဆောင်လျှင် ဟာမန်အတွက် ပြဿနာ​တွေ့နိုင်သည်၊ လူအစုလိုက်အပြုံလိုက်သတ်မှုဖြစ်နိုင်ပေ​သော​ကြောင့် ဥပ​ဒေနှင့် ငြိစွန်းနိုင်သည်။ ထို့​ကြောင့်ဟာမန်သည် စနစ်တကျစီစဥ်ခြင်း၊ ပြင်ဆင်ခြင်းများကို ​သေ​သေချာချာလုပ်​ဆောင်၍ ရှင်ဘုရင်လက်ခံ​စေရန်​ ကြံစည်ကာဆောင်ရွက်ခဲ့​ပေသည်။ ထို့​ကြောင့် ရှင်ဘုရင်၏ သ​ဘောတူညီမှုရ​သွားသော​ကြောင့် ဟာမန်၏ စနစ်တကျ ဥပ​ဒေ​ဘောင်အတွင်းမှ အကြမ်းဖက်ခြင်းသည် မည်သူမျှအပြစ်တင်ခွင့်မရ၊… Read More »အဓမ္မအမှုသည် လူမ​ရွေးပါ

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – နောက်ဆုံးပိုင်း

“ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism)နှင့် မိတ်ဆက်ခြင်း” ၊ “YEC နှင့် စပ်ဆိုင်သော ဝေါဟာရများ” ၊ “YEC အယူဝါဒ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း”၊ “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” နှင့် “၎င်းတို့၏ ယုံကြည်ချက်များ” အကြောင်းကို ရှေ့အပိုင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။​ သို့သော် စာဖတ်သူအနေဖြင့် ဤဆောင်းပါးကို ရေးသားသူနှင့်တကွ λόγος အဖွဲ့သားများ၌ ကမ္ဘာဦးဆိုင်ရာ ဖန်ဆင်းခြင်းအကြောင်းများနှင့်… Read More »ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – နောက်ဆုံးပိုင်း

မာရကိုကျော်လွန်၍

နောမိသည် တစ်​နေ့တွင် ​နေရပ်သို့ပြန်လာခဲ့သည်။ သို့​သော် သူမ၏ ရင်ဘတ်ထဲတွင် ဒဏ်ရာဗလပွနှင့်ပင်။ ​မေးခွန်းများစွာကိုလည်း မျိုသိပ်​ကောင်းမျိုသိပ်ထား​ပေလိမ့်မည်။ ဣသရေလပြည်၌ ဒုက္ခ​ရောက်၍ ​မောဘသို့သွားခဲ့ကြသော်လည်း အဆင်မ​ပြေခဲ့။ ပြည်​​တော်ပြန်လာချိန်တွင်လည်း ခါးသီး​သော ခံစားချက်များကိုသာ ရင်ဝယ်ပိုက်၍ ပြန်လာခဲ့​ပေသည်။ ရုသဝတ္တု ၁:၂၀သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။ သူမ၏အမည်ကိုပင် ​မေ့နိုင်​လောက်​အောင်… Read More »မာရကိုကျော်လွန်၍